အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများဆိုင်ရာညှိနှိုင်းအစည်းအဝေးကျင်းပခြင်း
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ (၁) ရက်
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ဆောင်ရွက်လျက်ရှိသော အစားအသောက်၊ ဆေးဝါး၊ ဆေးပစ္စည်းနှင့် အလှကုန်/လူသုံးကုန်များ ကြီးကြပ်ကွပ်ကဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ ညှိနှိုင်းအစည်းအဝေးအား ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော် ဦးဆောင်၍ ဒုတိယညွှန်ကြားရေးမှူးချုပ်၊သက်ဆိုင်ရာကြီးကြပ်ကွပ်ကဲရေးဌာနခွဲများမှ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်၍ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။ အဆိုပါအစည်းအဝေးပွဲတွင် လုပ်ထုံးလုပ်နည်းများရှိ မဖြစ်မနေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်လိုအပ်သောအချက်များဆွေးနွေးခြင်း ၊လုပ်ငန်းစဉ်အတွင်းကျန့်ကြာနေခြင်းမရှိစေရန်အတွက် အဆင့်ဆင့်အားပြန်လည်သတ်မှတ်စိစစ်ခြင်းနှင့် တွေ့ရှိချက်များအပေါ်ညှိနှိုင်းသုံးသပ်ခဲ့ပြီး ဆက်လက်ဆောင်ရွက်ရန်ကိစ္စများအား ဆွေးနွေးခဲ့ကြပါသည်။