တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းရင်းဆေးဝါးစက်ရုံ အကြံပေးအဖွဲ့ နှင့် Video Confrencing ဖြင့်ဆွေးနွေးပွဲသို့ ညွန်ကြားရေးမှူးချုပ်တတ်ရောက်ခြင်း
၂၀၂၀ ပြည့်နှစ်၊ ဇွန် လ၊ ၃၀ ရက်နေ့။ နေပြည်တော်
အဆိုပါ ဆွေးနွေးပွဲကို တိုင်းရင်းဆေးပညာဦးစီးဌာန ရုံးအမှတ်(၄၇)၊ အစည်းအဝေးခန်းမ ၌ မွန်းလွဲ (၁:၀၀) အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန ပူးတွဲညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော် တတ်ရောက်ခဲ့ပြီး တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ(ရန်ကုန်) အား တိုင်းရင်းဆေးဝါးထုတ်လုပ်ရေးစက်ရုံ(မန္တလေး)သို့ ပေါင်းစည်းရေးအတွက် တိုင်းရင်းဆေဝါးစက်ရုံအကြံပေးအဖွဲ့၏ အကြံပြုချက်များ၊ ဆွေးနွေးချက်များအား ဆွေးနွေးလမ်းညွန်မူပြုခဲ့ပါသည်။ အဆိုပါဆွေးနွေးပွဲကို တိုင်းရင်းဆေးပညာဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာသံလွင်ထွန်း၊
ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာတင်တင်မိုး၊ညွန်ကြားရေးမှူးများ၊ ဒုတိယညွန်ကြားရေးမှူးများ နှင့် တိုင်းရင်းဆေးဝါးစက်ရုံအကြံပေးအဖွဲ့ဝင်များ တတ်ရောက်ခဲ့ကြပါသည်။