သုတေသနကျင့်ဝတ်နှင့်ကျွမ်းကျင်မှုပိုင်း ဆိုင်ရာဆန်းစစ်သုံးသပ်မှုဘုတ်အဖွဲ့ FDA Institutional Review Board (IRB) (၄/၂၀၂၀)အစည်းအဝေးကျင်းပခြင်း

၂၀၂၀ပြည့်နှစ်၊ဇွန်လ ၃၀ရက်နေ့ နေပြည်တော်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ Institutional Review Board (IRB) အမှတ်စဉ်(၄/၂၀၂၀) အစည်းအဝေး အား IRB ဥက္ကဌမှဦးဆောင်၍ ဘုတ်အဖွဲ့ဝင်များဖြင့် ကျင်းပပြုလုပ်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် နေပြည်တော်ရုံးချုပ်မှအဖွဲ့ဝင်များတက်ရောက်၍ ဥက္ကဌ (FDA IRB)တိုင်းဒေသကြီးပြည်နယ်မှ အဖွဲ့ဝင်များ၊ ဆွေးနွေးပြောကြားသူများက Online မှတဆင့် Video Conferencing ပြုလုပ်ခဲ့ပြီး သုတေသနစာတမ်းများအားဆန်းစစ်သုံးသပ်မှုများပြုလုပ်ခဲ့ကြပါသည်။