စားသုံးရန်မသင့်သော အစားအသောက်များနှင့် ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်

မြန်မာ့အလင်း ( ဗုဒ္ဓဟူး၊ ဩဂုတ် ၆ ၊၂၀၁၄ )
ကျန်းမာရေးဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ကောက်ယူစစ်ဆေး ရာ အောက်ဖော်ပြပါ အမှတ်တံဆိပ်ဖြင့် ထုတ်လုပ်သော အစားအသောက်၌ သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေး ပါ၀င်ခြင်းကြောင့် စားသုံးရန် မသင့်သော အစားအသောက် ဖြစ်ကြောင်း အသိပေး ကြေညာ အပ်ပါသည်။
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝအသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက်ဥပဒေပုဒ်မ ၂၈(က) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။

အမှတ်တံဆိပ်နှင့် အစားအသောက်အမျိုးအစားများ

စဉ် အစားအသောက်အမည် အမှတ်တံဆိပ် ဆိုးဆေးပါ၀င်မှု့
၁။ ပန်းပွင့်ပုံဝေဖာ မပါ Rhodamine B

ကျန်းမာရေးဝန်ကြီးဌာန

148 thoughts on “စားသုံးရန်မသင့်သော အစားအသောက်များနှင့် ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်

Leave a Reply

Your email address will not be published.