စားသုံးရန်မသင့်သော အစားအသောက်များနှင့် ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်
မြန်မာ့အလင်း (အင်္ဂါ ၊ ဩဂုတ် ၁၂ ၊၂၀၁၄)
ကျန်းမာရေးဝန်ကြီးဋ္ဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့်ဈေးတန်းများမှ ၀ယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါ အမှတ်တံဆိပ်များဖြင့် ထုတ်လုပ်သော အစားအသောက်များ၌ သုံးစွဲရန်ခွင့်မပြုသော ဆိုးဆေးများပါ၀င်ခြင်းကြောင့် စားသုံးရန်မသင့်သော အစားအသောက်များဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အစားအသောက်ထုတ်လုပ်် ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန်ခွင့်မပြုသော ဓာတုဆိုးဆေးများကို လုံးဝအသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဥပဒေပုဒ်မ ၂၈(က) အရ တရားစွဲဆိုအရေးယူမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။
အမှတ်တံဆိပ်နှင့် အစားအသောက်အမျိုးအစားများ
| စဉ် | အစားအသောက်အမည် | အမှတ်တံဆိပ် | ဆိုးဆေးပါ၀င်မှု့ |
| ၁။ | ရှူးရှဲလက်ဖက် | ရွှေစံအိမ် | Auramine O |
| ၂။ | ဖလိတ်ပ်ပြား | YIMO-Food | Orange II |
ကျန်းမာရေးဝန်ကြီးဋ္ဌာန
