နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္တတစ်နှစ်တာ ဆောင်ရွက်ခဲ့မူများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲသို့ ညွန်ကြားရေးမှူးချူပ်တက်ရောက်ခြင်း
၂၀၂၀ပြည့်နှစ်၊ ဇွန် လ ၊ ၂၂ရက်
အဆိုပါ သတင်းစာရှင်းလင်းပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၊ စုပေါင်းအစည်းအဝေးခန်းမ၌ မွန်းလွဲ ၁:၀၀ အချိန် တွင် ကျင်းပပြုလုပ်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အမြဲတန်းအတွင်းဝန် ပါမောက္ခ ဒေါက်တာ သက်ခိုင်ဝင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွန်ကြားရေးမှူးချူပ် ပါမောက္ခ ဒေါက်တာခင်ဇော် နှင့် သက်ဆိုင်ရာ ဦးစီးဌာနများမှ ညွန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွန်ကြားရေးမှူးချူပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တတ်ရောက်ခဲ့ကြပါသည်။