အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန နှင့် American Chamber of Commerce တို့တွေ့ဆွေးနွေးခြင်း

၂၀၂၀ ပြည့်နှစ်၊ဇွန်လ ၁၉ ရက်နေ့

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာခင်ဇော် ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် သက်ဆိုင်ရာဌာနခွဲများမှ ညွှန်ကြားရေးမှူးများ ပါဝင်သောအဖွဲ့သည် အမေရိကန်ကုန်သည်ကြီးများအဖွဲ့နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရုံးအမှတ် (၄) တွင် အစားအသောက်၊ဆေးဝါး၊ဆေးပစ္စည်း၊အလှကုန် နှင့်လူသုံးကုန်များ ထိန်းချုပ်ကြီးကြပ်ကိစ္စရပ်များနှင့်ပတ်သတ်၍ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပို့ကုန်၊သွင်းကုန်ဆိုင်ရာကိစ္စရပ်များ၊ ဓာတ်ခွဲစစ်ဆေးခြင်းဆိုင်ရာကိစ္စရပ်များအားညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။