ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာရှိဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

(၁၇.၆.၂၀၂၀)ရက်နေ့ ‌နေ့လည်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည်မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီတို့ပူးပေါင်း၍ ပုလဲမြို့နယ်၊ မင်းတိုင်ပင်ကျေးရွာရှိဆေးဆိုင်များအား ဆေးဝါးရောင်းချခွင့်လိုင်စင်မရှိဘဲ ရောင်းချနေခြင်းရှိ/မရှိစစ်ဆေးခြင်းနှင့် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။ အများပြည်သူများအား လုံခြုံစိတ်ချရသော ဆေးဝါးများရရှိနိုင်ရန် သက်တမ်းလွန်ဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မရှိသောဆေးဝါးများ မရောင်းချစေရန်နှင့် ကောင်းမွန်သောဆေးဝါးထားသိုမှုနှင့်ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ်(GPP)နှင့်အညီ ရောင်းချစေရန် ကြီးကြပ်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပါသည်။