စစ်တွေမြို့​ မစျေးသို့ကွင်းဆင်းစစ်ဆေးခြင်း အစားအသောက် စျေးကွက်နမူနာကောက်ယူခြင်းနှင့်အသိပညာပေးခြင်း

ရခိုင်ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှတာဝန်ရှိသူများသည်
စစ်တွေမြို့နယ် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်များနှင့်ပူးပေါင်း၍(၁၇.၆.၂၀၂၀)ရက်နေ့ တွင်
စစ်တွေမြို့မစျေးအတွင်းရှိ စျေးဆိုင်များအား
တားမြစ်ထားသော အစားအသောက်များရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း
သက်တမ်းလွန်အစားအသောက်များ ရောင်းချနေခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း
အစားအသောက်စျေးကွက်နမူနာကောက်ယူခြင်းနှင့် အစားအသောက်ဆိုင်ရာသိကောင်းစရာ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။