ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်တက်ရောက်

ရက်စွဲ၊ ၁၅-၆-၂၀၂၀ ရုံးအမှတ်(၄) နေပြည်တော်

မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းထုတ်လုပ်သူများအသင်းနှင့် မြန်မာနိုင်ငံဆေးဝါးနှင့်ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ COVID-19 ကပ်ရောဂါ၏ နောက်ဆက်တွဲ အမှန်တကယ်တွေ့ကြုံနေရသော တင်ဒါလုပ်ငန်းစဉ်များနှင့်ပတ်သက်သောအခက်အခဲများ၊ ဆေးဝါးဆေးပစ္စည်းများရှားပါးမှုမရှိစေရန်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ လာရောက်ရှင်းလင်းတင်ပြခြင်းအခမ်းအနား သို့ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အမြဲတမ်းအတွင်းဝန်နှင့် ဝန်ကြီးရုံးမှ သက်ဆိုင်ရာ တာဝန်ရှိသူများ၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ပါမောက္ခဒေါက်တာခင်ဇော်ဦးဆောင်သော၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် သက်ဆိုင်ရာဆေးဝါး၊ ဆေးပစ္စည်းဌာနခွဲများမှ ညွှန်ကြားရေးမှူးများ တက်ရောက်ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။