COVID-19 အန္တရာယ် ဘေးကင်းလုံခြုံစွာ ခွဲစိတ်ကုသမူ (COVID-19 Surgical Safety) ကိစ္စရပ်များအား video conferencing ဖြင့်ဆွေးနွေးပွဲသို့ ညွန်ကြားရေးမှူးချူပ်တက်ရောက်ခြင်း

(၁၁.၆.၂၀၂၀)ရက်နေ့၊နေပြည်တော်

အဆိုပါ ဆွေးနွေးပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေးခန်းမ တွင် video conferencing စနစ်ဖြင့်ကျင်းပ ပြုလုပ်ခဲ့ပြီး
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွန်ကြားရေးမှူးချူပ် ပါမောက္ခဒေါက်တာခင်ဇော်နှင့် ညွန်ကြားရေးမှူးချူပ်များ၊ ဒုတိယညွန်ကြားရေးမှူးချူပ်များ၊ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူတက်ရောက်ခဲ့ပြီး ဆေးတက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ခွဲစိတ်ကုပညာ၊ဆေးပညာ၊သားဖွားနှင့်မီးယပ်ပညာ၊မေ့ဆေးပညာ၊အရေးပေါ်ဆေးပညာတို့မှ ပါမောက္ခ/ဌာနမှူးများ၊အမျိုးသားကျန်းမာရေးဓာတ်ခွဲမူဆိုင်ရာဌာနမှ တာဝန်ခံများ၊တိုင်းနှင့်ပြည်နယ်မှ ဆေးရုံအုပ်ကြီးများ၊သူနာပြုအုပ်ကြီးများ အားvideo conferencing စနစ်ဖြင့် (COVID-19 Surgical Safety) ကိစ္စရပ်များအားတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။