လွှတ်တော်အဆိုများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများအား တင်ပြခြင်းနှင့် ညှိနှိုင်း‌ ဆွေးနွေးပွဲသို့ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော် တက်ရောက်

၂၀၂၀ ပြည့်နှစ် ဇွန်လ ၅ ရက်နေ့ ၊ နေပြည်တော်(ရုံးအမှတ်-၄)

အဆိုပါညှိနှိုင်းဆွေးနွေးပွဲအခမ်းအနားအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးရုံးအမှတ်-၄ တွင် ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ ဦးဆောင်၍ ဒုတိယ ဝန်ကြီး ဒေါက်တာမြလေးစိန်မှ လွှတ်တော် အဆိုများနှင့်ပတ်သက်၍ ဆောင်ရွက်‌ နေမှုများ၊ ပြီးစီးမှုများအား အကျဉ်းချုပ် တင်ပြခြင်း၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီးဌာနအသီးသီးမှညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများမှ Non Communicable Diseases၊ ကျောင်းကျန်းမာရေး၊ဆေးလိပ်ဆေးရွက်ကြီးဆိုင်ရာထိန်းချုပ်‌ရေး စသည့် အဆိုများအားဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ပြည်ထောင်စု ဝန်ကြီးမှ လမ်းညွှန်မှုများပြုခဲ့ပါသည်။