(၂၀၁၉-၂၀၂၀)ခု၊ဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ၊ အခြားအသုံးစရိတ်ခွင့်ပြုငွေများဖြင့် ၀ယ်ယူမည့် ရုံးသုံးစက်ပစ္စည်း၊ ရုံးသုံးပရိဘောဂ ၊ဓါတ်ခွဲခန်းသုံးစက်ပစ္စည်း၊ Online Submission System အတွက်ကြမ်းခင်းဈေး တွက်ချက်ရေးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးအခမ်းအနားကျင်းပခြင်း

၂၀၂၀ပြည့်နှစ် ဇွန်လ( ၄ )ရက်၊နေပြည်တော်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (၂၀၁၉-၂၀၂၀)ခုဘဏ္ဍာရေးနှစ်အတွက် ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ၊ အခြားအသုံးစရိတ်ခွင့်ပြုငွေများဖြင့် ၀ယ်ယူမည့် ရုံးသုံးစက်ပစ္စည်း၊ ရုံးသုံးပရိဘောဂ၊ဓါတ်ခွဲခန်းသုံးစက်ပစ္စည်း၊ Online Submission System အတွက်ကြမ်းခင်း ဈေးတွက်ချက်ရေးကော်မတီ၏ ညှိနှိုင်းအစည်းအဝေးအခမ်းအနားအား အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော် မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာ ခင်ချစ် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန, ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိန် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာ ဝငိးနိင် ကုသရေးဦးစီးဌာန နှင့် ဌာန ဆိုင်ရာ အသီးသီးမှ ဖိတ်ကြားထားသူများ၊ တာဝန်ရှိသူများ မှ သက်ဆိုင်ရာ ကဏ္ဍအလိုက် တတ်ရောက်ဆွေးနွေးခဲ့ကြပါသည်။