နို့စို့ကလေးနှင့် ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ၏ အမှတ်တံဆိပ်နှင့် ပတ်သက်၍ အသိပေးကြေညာချက်
၁။ “နို့စို့ကလေးနှင့်ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာအမိန့်” ၏ ပုဒ်မ ၅ (ဂ) အရသော်လည်းကောင်း ၊ “နိုင်ငံတကာ မိခင်နို့ အစားထိုးစားသောက်ကုန်များ ဈေးကွက်တင်ခြင်းဆိုင်ရာကျင့်ဝတ် (International Code of Marketing of Breast Milk Substitutes)” အရ သော်လည်းကောင်း မိခင်နို့အစားထိုးစားသောက်ကုန် များ၏ အမှတ်တံဆိပ်တွင် ပြဌာန်းချက်နှင့်ငြိစွန်းသည့် Mascot ရုပ်ပုံများ ထည့်သွင်းဖော်ပြခြင်း မပြုရ။၊
၂။ မိခင်နို့အစားထိုးစားသောက်ကုန်၏ မူပိုင်ခွင့်မှတ်ပုံတင်ထားသော Trademark Logo သည် “နို့စို့ကလေးနှင့်ကလေးငယ်အတွက် ဖော်စပ်ထုတ်လုပ်ထားသော အစားအသောက်များဈေးကွက် တင်ခြင်းဆိုင်ရာအမိန့်”ပါ ပြဌာန်းချက် ပုဒ်မ ၅ (ဂ) နှင့် ဆက်စပ်လျှင် အမှတ်တံဆိပ်စုစုပေါင်း ဧရိယာ ၏ ၁:၂၀၀ အချိုးအစားဖြင့် တနေရာ၌သာ ဖော်ပြရမည်။
၃။ လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက်ဉပဒေ ပုဒ်မ ၃၁ အရ အရေးယူ အပြစ်ပေးခြင်းခံရမည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
