COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ သို့အလှူငွေများပေးအပ်ခြင်းအခမ်းအနားသို့ညွှန်ကြားရေးမှူးချုပ်တက်ရောက်

(၁၉-၅-၂၀၂၀)ရက်နေ့၊ နေပြည်တော်

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီသို့ အိန္ဒိယနိုင်ငံဆိုင်ရာ ပညာသင်မြန်မာရဟန်းတော်များ သာယာဖွံ့ဖြိုးရေးအဖွဲ့၊ လူမှုကွန်ယက်များမှဆယတဆင့်ပြည်သူများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ၊ အောက်မြန်မာပြည်ဗဟိုဝန်ထမ်းတက္ကသိုလ်တွင် တက်ရောက်လျက်ရှိသော သင်တန်းသား/သူများ နှင့် ဝန်ကြီးရုံးဝန်ထမ်းများမှ အလှူငွေများလှူဒါန်းခြင်းအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဝန်ကြီးရုံး နေပြည်တော်ရုံးအမှတ် (၄) နံနက် (၁၀)နာရီအချိန်၌ ပြုလုပ်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်တို့မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်ပါမောက္ခ ဒေါက်တာခင်ဇော်တက်ရောက်ခဲ့ပါသည်။