အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အရာထမ်းများ ရာထူးတိုးမြှင့်ခန့်ထားနိုင်ရေးအတွက် လိုအပ်ချက်ကိုက်ညီသူများအား လူတွေ့စာမေးပွဲစစ်ဆေးခြင်း
၂၀၂၀ပြည့်နှစ် မေလ ၁၄ ရက်၊ နေပြည်တော်
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အရာထမ်းများရာထူးတိုးမြှင့်ခန့်ထားနိုင်ရေးအတွက် ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ဌာနခွဲများမှညွှန်ကြားရေးမှူးများပါဝင်သော ရာထူးတိုးမြှင့်ရေးကော်မတီသည် ရာထူးတိုးမြှင့်ခြင်းဆိုင်ရာကိစ္စရပ်များအားအကြိုညှိနှိုင်း ဆွေးနွေးခြင်း၊လူတွေ့စာမေးပွဲစစ်ဆေးခြင်းတို့အား နံနက်(၁၀)နာရီတွင် နေပြည်တော်(ရုံးချုပ်)၌ကျင်းပပြုလုပ်ခဲ့ပြီး ပြည်နယ်နှင့်တိုင်း /ပြည်ပမှ ဖြေဆိုသူများအား အွန်လိုင်းမှတဆင့် စစ်ဆေးခြင်းများအားပြုလုပ်ခဲ့ကြပါသည်။