Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေစဉ်ကာလအတွင်း အစားအသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လမ်းညွှန်ချက်များ

Coronavirus Disease 2019 (COVID-19) ရောဂါပိုးသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်မြန်ရောဂါဖြစ်ပြီး လူလူချင်းတိုက်ရိုက်ထိတွေ့မှု (ဉပမာ-လက်ဆွဲနှုတ်ဆက်ခြင်း) မှသော်လည်း ကောင်း၊ နှာချေခြင်း၊ ချောင်းဆိုးခြင်းနှင့် ၎င်းရောဂါကူးစက်ခံရသူ ကိုင်တွယ်ထိတွေ့ထားသော အရာ ဝတ္ထုများမှတဆင့် သွယ်ဝိုက်သောနည်းလမ်းဖြင့် အသက်ရှူလမ်းကြောင်းသို့ ကူးစက်တတ်သောရောဂါ ဖြစ်ပါသည်။ ဘတ်တီးရီးယားပိုးများကဲ့သို့ အစားအသောက်များမှတိုက်ရိုက်ကူးစက်နိုင်ခြင်း မရှိသော် လည်း (COVID-19) ရောဂါပိုးကူးစက်ခံထားရသောသူ (အစားအသောက်ထုပ်ပိုးကိုင်တွယ်ရောင်းချသူ/ ဝယ်ယူသူ) စသည့် လူလူချင်းထိတွေ့မှုတို့မှတဆင့် ကူးစက်နိုင်ခြေများ ရှိနိုင်ပါသည်။

သို့ဖြစ်ပါ၍ Coronavirus Disease 2019 (COVID-19) ဖြစ်ပွားနေစဉ်ကာလအတွင်း အစား အသောက်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အစားအသောက်လုပ်ငန်းလုပ်ကိုင်သူများ၊ အစား အသောက်ကိုင်တွယ်ရောင်းချသူများ၊ အစားအသောက်ပို့ဆောင်သူများ၊ အစားအသောက်လက်လီ ရောင်းချသူများ၊ အစားအသောက်ကြီးကြပ်ရေးမှူးများအနေဖြင့် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲ ရေးဉီးစီးဌာနမှ ကြီးကြပ်ကွပ်ကဲလျက်ရှိသော ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP) / ကောင်း မွန်သောသန့်ရှင်းမှုကျင့်စဉ် (GHP) များအား ပုံမှန်အတိုင်းဆက်လက်ကျင့်သုံးရမည့်အပြင် ယခု (COVID-19) ကူးစက်ရောဂါပိုးနှင့်ပတ်သက်၍ သက်ဆိုင်ရာအစိုးရဌာနများမှအချိန်နှင့်တပြေးညီ ထုတ် ပြန်သောညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရမည်။

 

လုပ်ငန်းခွင်၌ (COVID-19) ကူးစက်ရောဂါနှင့် ပတ်သက်၍ နိုးကြားအသိရှိစေရန် ဆောင်ရွက်ခြင်း

အစားအသောက်လုပ်ငန်းရှိအလုပ်သမားများတွင်

  • ဖျားခြင်း (အပူချိန် ၃၈°C/ ၁၀၀.၄°F နှင့် အထက်)၊
  • ချောင်းဆိုးခြင်း၊
  • အသက်ရှူခက်ခဲခြင်းနှင့်
  • အားအင်ကုန်ခမ်းခြင်းစသည့် သံသယဖြစ်ဖွယ်လက္ခဏာများ ခံစားရနေရခြင်းစသည့်အချက် တစ်ခုခုနှင့်ကိုက်ညီနေပါက လုပ်ငန်းခွင်သို့မလာရောက်စေရန် ကြီးကြပ်ပေးရမည်။

လုပ်ငန်းခွင်ရှိဝန်ထမ်းတစ်ဦးဦးတွင် ၎င်းလက္ခဏာများရှိနေပါက ဝန်ထမ်းများမှအလုပ်ရှင်/ တာဝန်ခံထံသို့ အချိန်နှင့်တပြေးညီအသိပေးအကြောင်းကြားရန် ကြေငြာပေးထားရမည်။ အလုပ်ရုံ အဝင်အထွက်နေရာများ၌ ကိုယ်အပူချိန်တိုင်းတာသည့်စက်များဖြင့် ဝန်ထမ်းများအားလုံးကိုယ်အပူ ချိန်တိုင်းတာ၍ အပူချိန် ၃၈°C/ ၁၀၀.၄°F နှင့်အထက်မဖြစ်မှသာ လုပ်ငန်းခွင်သို့ဝင်ရောက်ခွင့်ပြုရမည်။

 

လုပ်ငန်းခွင်နှင့်အလုပ်ခွင်ဝန်းကျင်၌ (COVID-19) ကူးစက်ရောဂါပျံ့နှံ့မှုကို ကာကွယ်တားဆီးမှု များ ထားရှိခြင်း

        (COVID-19) ကူးစက်ရောဂါပျံ့နှံ့မှုအား ကာကွယ်နိုင်သည့်နည်းလမ်းများကို လုပ်ငန်းခွင်တွင် အသိပညာပေးသင်ကြားပေးခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်းချက်များကို လုပ်ငန်းခွင်တွင် သတိပြုလိုက်နာနိုင်ရန် မြင်သာသောနေရာများတွင် ထားရှိပေးခြင်းများဆောင်ရွက် ထားရှိရမည်။ လုပ်ငန်းခွင်အတွင်း၌ (COVID-19) ကူးစက်ရောဂါပိုးနှင့်ပတ်သက်သော အသိပညာပေး လမ်းညွှန်ချက်များကို စာဖြင့်ရေးကပ်ထားရမည့်အပြင် အသံသွင်းထားသော လမ်းညွှန်အကြံပြုချက် များကို မကြာခဏဖွင့်၍ သတိပေးထားရမည်။

 

လုပ်ငန်းခွင်၌ ကောင်းမွန်သော အလုပ်သမားသန့်ရှင်းမှုကျင့်စဉ် ( Good staff hygienic practices ) နှင့်အညီဖြစ်စေရန်အတွက်

  • ဆပ်ပြာနှင့်ရေကိုအသုံးပြု၍ အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် လက်ဆေးစေခြင်း( follow WHO advice)
  • 70% အရက်ပြန်ပါသော လက်ဆေးရည်များ မကြာခဏအသုံးပြုစေခြင်း၊
  • ချောင်းဆိုး/ နှာချေရာ၌ ပါးစပ်/နှာခေါင်းကို လက်/ တစ်ရှူးတို့ဖြင့် အုပ်စေခြင်း၊ ချောင်းဆိုး/ နှာချေပြီးနောက် လက်ဆေးစေခြင်း၊
  • တံခါးလက်ကိုင်ကဲ့သို့ ထိတွေ့မှုများရာနေရာများအား မကြာခဏသန့်ရှင်းစေခြင်း၊
  • ချောင်းဆိုး/ နှာချေသူများနှင့် အနီးကပ်ထိတွေ့မှုမရှိစေရန် စီစဉ်ခြင်းတို့အား ပံ့ပိုးထားရှိရမည်။

လုပ်ငန်းခွင်အတွင်းအလုပ်သမားများ မကြာခဏအလွယ်တကူလက်ဆေးနိုင်သည့်နေရာများ (ဘေစင်၊ ဆပ်ပြာ၊ ရေ၊ တစ်ရှူး၊ အဖုံးပါအမှိုက်ပုံး) ကို လုံလောက်စွာထားရှိပေးရမည်။ တစ်ခါသုံးလက် အိတ်များဝတ်ဆင်ပါက ၎င်းတို့ကိုမကြာခဏလဲလှယ်ရန်နှင့် လက်ကိုဆပ်ပြာဖြင့်မကြာခဏဆေးရန် ညွှန်ကြားရမည်။

တစ်ကိုယ်ရည်သုံး အကာအကွယ်ပစ္စည်းများ (နှာခေါင်းစည်း၊ ရင်ကာ၊ ခေါင်းအုပ်၊ လက်အိတ် များ၊ လုပ်ငန်းခွင်သုံးဖိနပ်များ) အလုံအလောက်ထားရှိပေးရန်၊ ၎င်းတို့ကိုအစားအသောက်ချက်ပြုတ် ခြင်းနှင့် အသင့်စားအစားအသောက် (Ready-to-eat) ထုတ်လုပ်ခြင်းတို့တွင် အမြဲဝတ်ဆင်ရန်ညွှန် ကြားရမည်။

 

လုပ်ငန်းခွင်၌ Physical distancing ပြုလုပ်ရန်

အလုပ်သမားများ လုပ်ငန်းခွင်ဝင်ရာ၌ Physical distancing လမ်းညွှန်ချက်ကို တိကျစွာလိုက် နာဆောင်ရွက်ရပါမည်။

  • လုပ်ငန်းခွင်တွင် အလုပ်သမားတစ်ဉီးနှင့်တစ်ဉီးအကြား အနည်းဆုံး (၃)ပေခွာ၍ အလုပ်လုပ်စေ ရပါမည်။
  • အလုပ်သမားများကို မျက်နှာချင်းဆိုင် အလုပ်မလုပ်စေဘဲ ဘေးတိုက်(၃)ပေခွာ၍သာ နေရာချ ထားပြီး အလုပ်လုပ်စေရပါမည်။
  • အလုပ်သမားများအား နှာခေါင်းစည်း၊ ခေါင်းဆောင်း၊ တစ်ခါသုံးလက်အိတ်၊ ရင်ကာနှင့်လုပ်ငန်း ခွင်သုံး ရှူးဖိနပ်များဝတ်ဆင်ပြီးမှသာ အလုပ်လုပ်စေရပါမည်။
  • အလုပ်ဆိုင်းများခွဲ၍ အလုပ်သမားအရေအတွက်ကန့်သတ်ပြီး လုပ်ကိုင်စေရပါမည်။

 

လုပ်ငန်းခွင်၌ သန့်ရှင်းရေးပြုလုပ်ခြင်း အစီအစဉ်

အစားအသောက်ထုတ်လုပ်ရောင်းချသည့် လုပ်ငန်းများသည် အောက်ဖော်ပြပါ သန့်ရှင်းရေးနှင့် ပိုးသတ်ခြင်းအစီအစဉ်များကို နေ့စဉ်နေ့တိုင်းတိတိကျကျ လိုက်နာဆောင်ရွက်ရမည်။

  • အစားအသောက်ပြင်ဆင်ချက်ပြုတ်သည့်နေရာ၊ သိမ်းဆည်းသည့်နေရာ၊ ထုပ်ပိုးသည့်နေရာ၊ ဝန်ဆောင်မှုပေးသည့်နေရာ၊ အမှိုက်စွန့်ပစ်သည့်နေရာ၊ ရုံးခန်းနှင့် သယ်ယူပို့ဆောင်ရေးယာဉ် များအား ဆပ်ပြာ၊ ရေ အသုံးပြု၍ သန့်ရှင်းပြီး (၂၄ နာရီအတွင်း) ဖော်စပ်ထားသော 1 % Hypochlorite Solution (သို့မဟုတ်) Corona Virus ကို ကာကွယ်နိုင်သည့် ပိုးသတ်ဆေးကို အသုံးပြု၍ ပိုးသတ်ခြင်းဆောင်ရွက်ရမည်။
  • ပစ္စည်းကိရိယာများထည့်သောခွက် ၊ အသုံးအဆောင်များ၊ ဇွန်း၊ ခရင်း၊ ဓါး စသည်တို့ကို ရေနှင့် ဆပ်ပြာဖြင့် စနစ်တကျသန့်ရှင်းရမည်။ ဆေးကြောခြင်း၊ ပိုးသတ်ခြင်းတို့ကိုဆောင်ရွက်ရာတွင် အပူချိန် ၆၀°C အထက်ရှိသော ရေနွေးပူကိုအသုံးပြု၍ ဆေးကြောခြင်း၊ ပိုးသတ်ခြင်းတို့ကို ဆောင်ရွက်ရမည်။
  • ဓါတ်လှေကားခလုတ်များ၊ လှေကားလက်ရန်းများ၊ လူအများအသုံးပြုသောနေရာ၊ တယ်လီဖုန်း၊ ပရင်တာနှင့် အခြားရုံးသုံးပစ္စည်းများ၊ စားပွဲမျက်နှာပြင်၊ ထိုင်ခုံလက်ရန်း၊ ဘောပင်၊ ဖိုင်တွဲများ၊ ကီးဘုတ်၊ Mouse၊ Mouse pad၊ ကော်ဖီဖျော်စက် စသည်တို့ကို 1 % Sodium hypochlorite ဆေးရည်ဖြင့် တနေ့ ၂ ကြိမ် ပိုးသတ်သန့်စင်ရမည်။ သတ္တုမျက်နှာပြင်များကိုသန့်စင်မည်ဆိုပါက 70 % alcohol ပါသော ပိုးသတ်သန့်စင်ဆေးရည်ကို အသုံးပြုရမည်။ အစားအသောက်ထုတ်လုပ် ရောင်းချသည့် လုပ်ငန်းများအနေဖြင့် လက်ဆေးရန်အစီအစဉ်များကို လုပ်ငန်းခွင်အဝင်နှင့် ထိတွေ့မှုများသော နေရာများတွင်ထားရှိရမည်။
  • သန့်စင်ခန်းများကို အလုပ်အဆိုင်းတစ်ချိန်နှင့်တစ်ချိန်ကြား ရေနှင့်ကြေးချွတ်ဆေး အသုံးပြု၍ သန့်ရှင်းရမည်။ ထို့နောက်1 % hypochlorite solution ကိုအသုံးပြု၍ ပိုးသတ်ရမည်။
  • အကယ်၍ အစားအသောက်ပြင်ဆင်ချက်ပြုတ်သူအနေဖြင့် ချောင်းဆိုးခြင်း(သို့) နှာချေခြင်း(သို့) တုပ်ကွေးရောဂါလက္ခဏာများခံစားရပါက ထိုသူ၏ ၂ မီတာပတ်လည်ကို 1 % hypochlorite solution (သို့) Corona Virus ကို ကာကွယ်နိုင်သည့် ပိုးသတ်ဆေးတမျိုးမျိုးကို အသုံးပြု၍ သေချာစွာသန့်ရှင်းခြင်း၊ ပိုးသတ်ခြင်းပြုလုပ်ရပါမည်။ COVID-19 သံသယရှိလူနာနှင့်ထိတွေ့ ထားသည့် အိမ်သာများ၊ မျက်နှာပြင်များ၊ အရာဝတ္ထုပစ္စည်းများအား 1 % hypochlorite solution (သို့) သတ္တုမျက်နှာပြင်များအတွက် 70 % alclhol ဖြင့် ပိုးသတ်သန့်စင်ရမည်။
  • သန့်ရှင်းရေးပစ္စည်းများအားလုံး၊ အဝတ်စများ၊ ကြမ်းတိုက်တံ၊ ပြန်လည်အသုံးပြုနိုင်သော ကာကွယ်ရေးပစ္စည်းများဖြစ်သည့် ဖိနပ်များ၊ လက်အိတ်များကိုလည်း တခြားနေရာတွင် အသုံး မပြုခင် သေချာစွာသန့်ရှင်း၍ ရေနွေးနှင့်ဆပ်ပြာရည် အသုံးပြုပြီး ပိုးသတ်ခြင်းများ ပြုလုပ်ရမည်။
  • ခုံတန်းများ၊ မျက်နှာပြင်များ၊ အရာဝတ္ထုပစ္စည်းများကို လေဖြင့် အခြောက်ခံရမည်။ အသန့်ရှင်း ဆုံးနည်းလမ်းမှာ ရေစစ်စင်များ အသုံးပြုခြင်းဖြစ်ပါသည်။ သန့်ရှင်းပြီးနောက် ပိုးသတ်ခြင်းကို ဆောင်ရွက်ရမည်။

အသုံးများသော ပိုးသတ်သန့်စင်ဆေးရည်များမှာ- Chlorine, Quaternary Methyl Butyric Acid (QMBA), 70% Alcohol တို့ဖြစ်ပါသည်။

မှတ်ချက်

  • ဓာတုပစ္စည်းများအသုံးပြုရာတွင် အညွှန်းဖော်ပြချက်အတိုင်းသုံးစွဲရမည်။
  • အထက်ဖော်ပြပါ ဓာတုပစ္စည်းများအပြင်အခြားပိုးသတ်ပေးသော ဓာတုပစ္စည်းများလဲ အသုံးပြုနိုင်ပါသည်။

 

နေမကောင်းသော အလုပ်သမားများနှင့် ပတ်သက်၍ ဆောင်ရွက်ရန်

  • အလုပ်သမားတစ်ယောက် ဖျားနာနေမကောင်းဖြစ်ပါက လုပ်ငန်းခွင်သို့ မလာရောက်စေဘဲအိမ်၌

သာအနားယူဆေးကုသရန် ညွှန်ကြားရပါမည်။

  • အကယ်၍ အလုပ်သမားတစ်ဦးသည် အလုပ်လုပ်ကိုင်နေစဉ် (COVID-19) ရောဂါလက္ခဏာများ

ခံစားလာရပါက၎င်းအလုပ်သမားအား

  • လုပ်ငန်းခွင်နေရာမှ သီးခြားအခန်းသို့ ချက်ချင်းခေါ်ဆောင်သွားရပါမည်။
  • ၎င်းအခန်းရှိ ပြတင်းပေါက်အားဖွင့်၍ လေဝင်လေထွက်ကောင်းအောင် ဆောင်ရွက်ပေးရပါမည်။
  • သက်ဆိုင်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသို့ အမြန်းဆုံးအကြောင်းကြား သတင်းပို့ရပါမည်။
  • ထိုသို့သီးခြားခွဲထားစဉ် အခြားမည်သူတစ်ဦးတစ်ယောက်နှင့်မျှ ထိတွေ့မှုမရှိစေရေးကို စီမံ ဆောင်ရွက်ရပါမည်။
  • နေမကောင်းသော အလုပ်သမားထိတွေ့ခဲ့သောနေရာများ/ မျက်နှာပြင်များအား 70% Alcohol

ပိုးသတ်သန့်စင်ဆေးရည်ကိုအသုံးပြုပြီး ပိုးမွှားကင်းစင်အောင် ဆောင်ရွက်ရပါမည်။

  • ၎င်းမျက်နှာပြင်များအား ထိတွေ့၊ ကိုင်တွယ်မိသော အလုပ်သမားတိုင်းအား လက်ကိုဆပ်ပြာ၊

ရေနှင့် အနည်းဆုံးစက္ကန့် ၂၀ ကြာအောင်စနစ်တကျဆေးကြောစေရပါမည်။

  • အကယ်၍ နေမကောင်းသော အလုပ်သမားများတွင် (COVID-19) ရောဂါပိုးရှိသည်ဟု စစ်ဆေး

တွေ့ရှိပါက ၎င်းအလုပ်သမားနှင့်ထိတွေ့ဆက်ဆံခဲ့သော ကျန်အလုပ်သမားများအား လုပ်ငန်းခွင်

မှ ချက်ချင်းဖယ် ထုတ်ပြီး သက်ဆိုင်ရာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏  လမ်းညွှန်မှုအတိုင်းဆောင်

ရွက်ရပါမည်။

  • (COVID-19) ရောဂါပိုးရှိသူ အလုပ်သမားများအနေဖြင့် ရောဂါလက္ခဏာ သက်သာပျောက်ကင်း ၍ PCR test အနည်းဆုံး ၂၄ နာရီခြား၍ (၂)ခါ စစ်ဆေးပြီး ပိုးမတွေ့ရှိတော့ပါက လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်လုပ်ကိုင်စေနိုင်ပါသည်။

 

အစားအသောက်ပို့ဆောင်ရာတွင် ပို့ဆောင်သူသည်

  • မျက်နှာဖုံး(သို့) နှာခေါင်းစည်းတပ်ဆင်ခြင်း၊ အစားအသောက်မကိုင်တွယ်မီနှင့်ပို့ဆောင်ပြီးတိုင်း လက်ကို ရေနှင့်ဆပ်ပြာ (သို့) 70% Alcohol ပါ လက်သန့်ဆေးရည်ကို အသုံးပြု၍ သေချာစွာ သန့်စင်ရမည်။
  • စျေးဝယ်သူနှင့် အနည်းဆုံး(၁) မီတာ (၃ပေ) အကွာတွင်နေရမည်။
  • တံခါးလက်ကိုင်များအားကိုင်တွယ်ခြင်းကို အတတ်နိုင်ဆုံးရှောင်ကြဉ်ရမည်။ မဖြစ်မနေ ကိုင်တွယ်မိပါက လက်အားသေချာစွာဆေးကြောရမည်။
  • စျေးဝယ်သူများအား အွန်လိုင်းစနစ်(သို့) ဖုန်းဖြင့်သာမှာယူစေခြင်းများ ပြုလုပ်ခိုင်းရမည်။
  • ပိုက်ဆံကိုင်တွယ်ပြီးတိုင်း လက်ဆေးရမည်။ ဖြစ်နိုင်လျှင် QR Codes, UPI, e-wallets, Credit/debit card များဖြင့်သာငွေပေးချေစေရမည်။
  • ကဒ်များအသုံးပြုပြီးပါက Alcohol 70 % ပါသော ပိုးသန့်ဆေးရည်ဖြင့် သန့်စင်ပေးရမည်။
  • ဆား၊ သကြားစသည့် ချက်ပြုတ်ရာတွင် အသုံးပြုသောနေရာများအား တခါသုံးအထုပ်ငယ်များ သာအသုံးပြုရမည်။ ပုလင်းများဖြင့်ထည့်ထားပါက ထိုပုလင်းများအား အသုံးပြုပြီးတိုင်း သန့်ရှင်းရေးပြုလုပ်ရမည်။
  • အစားအစာလက်ခံမည့်သူထံမပေးမီ မိမိလက်ကို 70% Alcohol based Hand sanitizer အသုံးပြု၍

ပိုးကင်းစင်အောင်အရင်ပြုလုပ်ရပါမည်။

  • အစားအစာထုပ်ပိုးရာတွင် တစ်ခါသုံးထုပ်ပိုးပစ္စည်းများကို အသုံးပြုနိုင်လျှင် အသင့်တော်ဆုံး

ဖြစ်ပါသည်။

  • တစ်ခါသုံးထုပ်ပိုးပစ္စညျ်းမဟုတ်ပါက သင့်လျော်သော ပိုးသန့်စင်ရေးနည်းလမ်းများကို အသုံးပြု၍

COVID-19 ပိုးမွှားကာကွယ်မှု ပြုလုပ်ရပါမည်။

 

အစားအသောက်ပြင်ဆင်ရောင်းချသူများ လိုက်နာရန်အချက်များ

 

အစားအသောက်ပြင်ဆင်ရောင်းချသူများအနေဖြင့်

  • အစားအသောက်များကို

(၁) သန့်ရှင်းစွာထားပါ။

(၂) အစိမ်းနှင့်အကျက်ကို ခွဲခြားထားပါ။

(၃) ကျက်အောင်ချက်ပါ။

(၄) စိတ်ချရသောအပူချိန်တွင် သိမ်းဆည်းပါ။ ( အပူချိန် 5°C အောက်(သို့) 70°C အထက်)

(၅) သန့်ရှင်းသောရေနှင့် ကောင်းမွန်ပြီးစိတ်ချရသော ကုန်ကြမ်းပစ္စည်းများကိုသာ အသုံးပြုပါ။

(WHO 5 Keys)

  • အစားအသောက်ပြင်ဆင်သောနေရာအား မကြာခဏသန့်ရှင်းခြင်း၊ ပိုးသန့်စင်ခြင်းများ ဆောင်ရွက်ရမည်။
  • ဆိုင်အဝင်ဝတွင် လက်ဆေးဘေစင်နှင့် ဆပ်ပြာ (သို့မဟုတ်) 70% Alcohol ပါ လက်သန့်ဆေး ရည်ထားရှိပေးရမည်။
  • အစားအသောက်ပြင်ဆင်သူများသည် အစားအသောက်များကို လက်ဖြင့်တိုက်ရိုက်မကိုင်စေဘဲ ညှပ်၊လက်အိတ်များ အသုံးပြုရမည်။ အစားအသောက်များကို သတ်မှတ်အပူချိန် ထိရောက် အောင် ကောင်းစွာချက်ပြုတ်ရမည်။
  • အသင့်စားမဟုတ်သော အစားအသောက်များအား ဖွင့်ဖောက်ပြီးလျှင် သေချာစွာပြန်ဖုံးပိတ်ရမည်။
  • ဝန်ထမ်းများအားသန့်ရှင်းသော ယူနီဖောင်း၊ နှာခေါင်းစည်း၊ လက်အိတ်၊ ခေါင်း‌ဆောင်းများ ဝတ်ဆင်စေရမည်။ COVID-19 ရောဂါလက္ခဏာ ရှိ/မရှိ စစ်ဆေးပေးရမည်။ ရောဂါလက္ခဏာ တွေ့ရှိပါက နီးစပ်ရာဆေးခန်း/ ဆေးရုံသို့ပို့ဆောင်ရမည်။ ဖျားနာသောဝန်ထမ်းများအား အိမ်တွင် နားနေစေရမည်။
  • အသီးအနှံနှင့် ဟင်းသီးဟင်းရွက်များအား ရေသန့်ဖြင့်စင်အောင်ဆေးခြင်း(သို့မဟုတ်) ကလိုရင်း (50ppm)ပါသောပိုးသတ်သန့်စင်ဆေးရည်ဖြင့်ဆေးကြောပြီး ရေသန့်ဖြင့်ပြန်လည်ဆေးကြောရမည်။
  • စျေးဝယ်သူများအား ပါဆယ်စနစ် (သို့မဟုတ်) အိမ်အရောက်ပို့စနစ်စီစဉ်ပေးရမည်။
  • အစားအသောက်များအား တစ်ခါသုံးလက်အိတ်အသုံးပြုပြီး ကိုင်တွယ်ရမည်။ ၎င်းလက်အိတ် များကို မကြာခဏလဲလှယ်၍ စနစ်တကျစွန့်ပစ်ရမည်။
  • ဝန်ထမ်းများအား မကြာခဏလက်ဆေးရန်နှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ရန်၊ တစ်ဦးနှင့်တစ်ဦးနီးကပ်စွာမနေဘဲ (၃)ပေခြားရန် သတိပေးရမည်။
  • ဘူဖေးစနစ်၊ လူစုလူဝေးဖြင့်ရောင်းချသောစနစ်များအား ရှောင်ကြဉ်ရမည်။ COVID-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ် ဉပဒေအရအာဏာပိုင်အဖွဲ့အစည်းများမှ ထုတ်ပြန်သော လမ်းညွှန် ချက်များကို လိုက်နာရမည်။
  • အစားအသောက်ပြုပြင်ပေးသူနှင့် စျေးဝယ်သူသည်အနည်းဆုံး (၁)မီတာ (၃ပေ) အကွာတွင် နေရမည်။
  • အစားအသောက်ပြင်ဆင်သည့်နေရာနှင့် စားပွဲ၊ ထိုင်ခုံများ အနည်းဆုံး (၁) မီတာ (၃ပေ)အကွာ တွင်ရှိရမည်။
  • အစားအသောက်ကောင်တာ၊ အစားအသောက်ကိုင်တွယ်သော ညှပ်၊ ယောက်ချိုများအားမကြာ ခဏသန့်ရှင်းရမည်။

 

အစားအစာလက်လီရောင်းချသောဆိုင်များ

  • ဝန်ထမ်းများအနေဖြင့် လက်ကို ဆပ်ပြာ၊ ရေဖြင့် မကြာခဏ ဆေးကြောရန်(သို့မဟုတ်) လက်သန့် ပိုးသတ်ဆေးရည်ဖြင့် မကြာခဏသန့်ရှင်း အောင်ပြုလုပ်ရမည်။
  • ထိတွေ့မှုများသော မျက်နှာပြင်များ (ဉပမာ-အစားအသောက်တင်သော စင်များ၊ ငွေသိမ်း ကောင်တာ မျက်နှာပြင်များ၊ တွန်းလှည်းများ၊ လက်ကိုင်ခြင်းများအား ပိုးသတ်ဆေး အသုံးပြုပြီး ပိုးမွှားသန့်ရှင်းအောင် မကြာခဏ ဆောင်ရွက်ရမည်။
  • ဆိုင်အတွင်းနှင့်အပြင် မြင်သာသော နေရာများ၌ Physical distancing နှင့်ပတ်သက်သော အကြံပြုသတိပေးချက်များ ကပ်ထားရမည်။
  • အစားအသောက်များတင်ထားသော စင်များရှေ့ရှိ ကြမ်းပြင်နေရာများနှင့် ငွေရှင်းကောင်တာရှေ့ ကြမ်းပြင်နေရာများ၌ ခြောက်ပေခြား၍ အမှတ်အသားနေရာများ ပြုလုပ်ထားရမည်။
  • ဆိုင်အတွင်း၌ အသံသွင်းထားသော Physical distancing လမ်းညွှန်အကြံပြုချက်များကို မကြာ ခဏဖွင့်၍ သတိပေးနေရမည်။

 

ပျံကျစျေးတန်းရှိ အစားအစာရောင်းချသူများ လိုက်နာရန်

  • အစားအစာထည့်သော အိုး၊ ခွက်၊ အသုံးအဆောင်ပစ္စည်းများ၊ အစားအစာနှင့် တိုက်ရိုက်ထိတွေ့ နိုင်သော မျက်နှာပြင်များ (ဉပမာ- စားပွဲခုံမျက်နှာပြင်) အား မကြာခဏ ပိုးသတ်ဆေးရည်ဖြင့်

စနစ်တကျ ဆေးကြောသန့်စင်ရပါမည်။

  • အလုပ်သမားများအနေဖြင့်လည်း လက်ကို မကြာခဏဆပ်ပြာ၊ ရေနှင့်ဆေးကြောရပါမည်။
  • နှာခေါင်းစည်း တပ်ဆင်ရပါမည်။
  • တခါသုံးလက်အိတ်ဝတ်ပါက အစားအသောက်မပြင်ဆင်မီနှင့် ပြင်ဆင်ပြီးနောက်လက်အိတ်ကို စနစ်တကျ လဲလှယ်ဝတ်ဆင်ရပါမည်။
  • စျေးဝယ်သူများ အသုံးပြုနိုင်ရန် လက်သန့်ပိုးသတ်ဆေးရည်များ ဆိုင် အဝင်/ အထွက် လမ်းကြောင်းများ၌ လုံလောက်စွာထားရှိပေးရပါမည်။
  • အစားအစာ ရောင်းချသူများအနေဖြင့် Physical Distancing လမ်းညွှန်ချက်ကို တိကျစွာ လိုက်နာဆောင်ရွက်ရမည်။ အစားအစာ ရောင်းချသူတစ်ဉီးနှင့်တစ်ဉီးသည် အနည်းဆုံး (၃) ပေ အကွာမှ ရောင်းချရမည်ဖြစ်ပြီး စျေးဝယ်သူနှင့်လည်း အနည်းဆုံး (၃) ပေအကွာမှ ရောင်းချရမည်။

 

အလုပ်သမား စားသောက်ခန်းများနှင့် ပတ်သက်၍ လမ်းညွှန်ချက်များ

  • တစ်ဉီးနှင့်တစ်ဉီး အနည်းဆုံး (၃) ပေခြား၍ မတ်တပ်ရပ်တန်းစီနိုင်ရန်နှင့် ထိုင်၍စားသောက် နိုင်ရန် စီစဉ်ပြုလုပ်ပေးထားရပါမည်။
  • စားသောက်ခန်း၌ အလုပ်သမားများ စုပြုံမနေစေရေးအတွက် နေ့လည်စာစားချိန်နှင့် ခေတ္တ အလုပ်နားချိန်မျာတွင် တပြိုင်နက်မလွှတ်ဘဲ အလှည့်ကျစနစ်ဖြင့် နားနိုင်ရေးစီစဉ်ဆောင်ရွက် ပေးရပါမည်။
  • လက်ဆေးရန်နှင့် ချောင်းဆိုး/နှာချေရာတွင် လိုက်နာရမည့်အချက်များနှင့် သက်ဆိုင်သော ညွှန်ကြားချက် သတိပေးဆိုင်းဘုတ်များအား အလုပ်သမားများ မြင်သာသောနေရာများတွင် ချိတ်ဆွဲသတိပေးထားရမည်။
  • ထိတွေ့မှုများသော မျက်နှာပြင်များ(ဉပမာ- စားပွဲမျက်နှာပြင်များ၊ တံခါးလက်ကိုင်ဖုများ၊ အိုးခွက်အသုံးပစ္စည်းများအား) စနစ်တကျ ပိုးသတ်သန့်စင်နိုင်ရေး အစီအစဉ်များပြုလုပ်ပေး ထားရမည်။

References: COVID-19 and Food Safety : Guidance for Food Business: Interim Guidance (7 April, 2020), FAO, WHO

Food Hygiene and Safety guidelines for Food Business during COVID-19 Pandemic, Food Safety and Standatds Authority of INDIA