ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန နှင့်World Bank မှ တာဝန်ရှိသူများတွေ့ဆုံသည့် ညှိနှိုင်းအစည်းအဝေးသို့ ညွှန်ကြားရေးမှူးချူပ်တက်ရောက်ခြင်း

၂၀၂၀ပြည့်နှစ် မေလ ၁၁ရက်၊ နေပြည်တော်

အဆိုပါ အစည်းအဝေးကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန ရုံးအမှတ်(၄)၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး World Bank မှ တာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့ကြပါသည်။ချေးငွေကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများအား Video Conferencing ဖြင့်ပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ညွန်ကြားရေးမှူးချူပ်များ၊ ဒုတိယ ညွန်ကြားရေးမှူးချူပ်များ၊ ညွန်ကြားရေးမှူးများနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါသည်။