ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအောက်ရှိစျေးများမှ ဆေးဆိုင်နှင့် ဆေးဝါးပစ္စည်း ရောင်းချသည့်ဆေးဆိုင်အကျယ်အဝန်းသတ်မှတ်ချက် လျှော့ပေါ့ပေးရေး ညှိနှိိုင်းအစည်းအဝေးကျင်းပခြင်း
၂၀၂၀ ပြည့်နှစ်၊မေလ(၇)ရက်(နေပြည်တော်)
အဆိုပါညှိနှိိုင်းအစည်းအဝေးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ရုံးအမှတ်(၄) နေပြည်တော်တွင် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ဉီးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပြီး အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးရုံးမှတာဝန်ရှိသူများ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ၊ ညွှန်ကြားရေးမှူးချုပ်ဒေါက်တာခင်ဇော် ဉီးဆောင်သော ဆေးဝါးဌာနခွဲမှတာဝန်ရှိသူများ ပါဝင်၍ Video Conferencing ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အဖွဲ့ဝင်များနှင့်အတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီအောက်ရှိစျေးများမှ ဆေးဆိုင်နှင့် ဆေးဝါးပစ္စည်းရောင်းချသည့်ဆေးဆိုင်အကျယ်အဝန်း သတ်မှတ်ချက် လျှော့ပေါ့ပေးရေးကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြပါသည်။