COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ သို့ စေတနာရှင်ကုမ္ပဏီများ၊အသင်းအဖွဲ့များ၊ တစ်ဦးချင်းအလှူရှင်များက အလှူငွေနှင့်ဆေးရုံသုံးပစ္စည်းများပေးအပ်ခြင်းအခမ်းအနားသို့ညွှန်ကြားရေးမှူးချုပ် တက်ရောက်ခြင်း

(၆-၄-၂၀၂၀)ရက်နေ့၊ နေပြည်တော်

COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ သို့ စေတနာရှင်ကုမ္ပဏီများ၊ အသင်းအဖွဲ့များ နှင့် တစ်ဦးချင်းအလှူရှင်များမှ အလှူငွေများနှင့် ဆေးရုံသုံးပစ္စည်းများပေးအပ်ခြင်းအခမ်းအနား အား နေပြည်တော် ဝန်ကြီးရုံး အမှတ် (၄) တွင်ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများမှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများအား စေတနာရှင်ကုမ္ပဏီများ၊ အသင်းအဖွဲ့များ နှင့် တစ်ဦးချင်းအလှူရှင်များသို့ အသီးသီးပြန်လည်ပေးအပ်ခဲ့ပါသည်။