COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ သို့ ပညာရေးဝန်ကြီးဌာန မှ COVID-19ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့်ကုသရေး အထောက်အကူပြုစက်ပစ္စည်းများပေးအပ်လှူဒါန်းခြင်းအခမ်းအနားသို့ညွှန်ကြားရေးမှူးချုပ်တက်ရောက်ခြင်း

(၂၇-၄-၂၀၂၀)ရက်နေ့၊ နေပြည်တော်

COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ဦးဆောင်၍ မြန်မာနိင်ငံလေကြောင်းနှင့်အာကာသ ပညာတက္ကသိုလ်၊ မန္တလေး နည်းပညာတက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်၊ အစိုးရ စက်မူလက်မူ သိပ္ပံ(ပြင်ဦးလွင်) (ရွှေပြည်သာ)(အင်းစိန်)၊စက်မူနည်းပညာ လေ့ကျင့်သင်တန်းကြောင်း (SITE) ရှိ ကျောင်းသားကျောင်းသူများမှ ပြုလုပ်သော COVID-19ရောဂါ ကာကွယ် ထိန်းချုပ်ရေး နှင့်ကုသရေး အထောက်အကူပြုစက်ပစ္စည်းများပေးအပ်လှူဒါန်းခြင်းအခမ်းအနားအား နေပြည်တော် ဝန်ကြီးရုံး အမှတ် (၄) တွင်ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ လက်ခံရယူခဲ့ပြီး တက္ကသိုလ်အသင်းအဖွဲ့များအသီးသီးသို့ ပြည်ထောင်စုဝန်ကြီးမှ ဂုဏ်ပြမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။