COVID 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ သို့အလှူငွေများပေးအပ်ခြင်းအခမ်းအနားသို့ညွှန်ကြားရေးမှူးချုပ်တက်ရောက်ခြင်း
(၂၇-၄-၂၀၂၀)ရက်နေ့၊ နေပြည်တော်
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ သို့ မြန်မာနိုင်ငံ အိမ်ခြံမြေလုပ်ငန်း ဖွံဖြိုးတိုးတက်ရေးအသင်း (MRPDA) မှအလှူငွေများပေးအပ်ခြင်းအခမ်းအနားအား နေပြည်တော် ဝန်ကြီးရုံး အမှတ် (၄) အစည်းအဝေးခန်းမ တွင်ကျင်းပပြုလုပ်ခဲ့ရာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်မှ လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။