တိုင်းရင်းဆေးပညာဦးစီးဌာန မှ ဝန်ထမ်းများနှင့် တွေ့ဆုံဆွေးနွေးပွဲသို့ ညွန်ကြားရေးမှူးချူပ်တက်ရောက်ခြင်း
(၃၀-၄-၂၀၂၀)ရက်နေ့ ၊နေပြည်တော်
အဆိုပါတွေ့ဆုံပွဲကို တိုင်းရင်းဆေးပညာဦးစီးဌာန နေပြည်တော် ရုံးအမှတ် (၄၇)၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာန (ပူးတွဲ) ညွန်ကြားရေးမှူးချူပ် ပါမောက္ခ ဒေါက်တာခင်ဇော် တက်ရောက်ခဲ့ပြီး တိုင်းရင်းဆေးပညာဦးစီးဌာန မှ ဒုတိယ ညွန်ကြားရေးမှူးချူပ် ဒေါက်တာ သံလွင်ထွန်း၊ ဒုတိယ ညွန်ကြားရေးမှူးချူပ် ဒေါက်တာ တင်တင်မိုး၊ ညွန်ကြားရေးမှူးများ၊ ဒုတိယ ညွန်ကြားရေးမှူးများ နှင့် တာဝန်ခံ ဝန်ထမ်းများတို့တွေ့ဆုံ၍ COVID-19 နှင့် ပတ်သက်၍ ဝန်ထမ်းများ လိုက်နာဆောင်ရွက်ရန်များ၊ ဌာနခွဲ အသီးသီးမှ တင်ပြလာသော ရုံးလုပ်ငန်းများ၊ အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ဝန်ထမ်းရေးရာ ကိစ္စများအား လမ်းညွန်မူပေးခဲ့ပါသည်။