အသိပေးကြေညာချက်

ဆွစ်ဇလန်နိုင်ငံ၊ ဂျီနီဗာမြို့ရှိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် Medical Product Alert ကို (၃၁-၃-၂၀၂၀) ရက်စွဲပါစာဖြင့်  အကြောင်းကြားချက်အရ အောက်ပါအတိုင်း အသိပေး အပ်ပါသည်-

Falsified in-vitro Diagnostics and Laboratory Reagents

  • COVID-19 ရောဂါရှာဖွေရေးနှင့် ဓါတ်ခွဲခန်းသုံးပစ္စည်း အတုအပများနှင့် ပတ်သက်၍ WHO မှ Reports များစွာလက်ခံရရှိသည့်အတွက် ၄င်းပစ္စည်းများ ဝယ်ယူအသုံးပြုမည်ဆိုပါက WHO’s Emergency Use Listing ကိုကြည့်၍ အသုံးပြုကြပါရန်၊ အသုံးပြုသူများအနေဖြင့် Product အမည်၊ Product code ၊ သက်တမ်းကုန်ဆုံးရက်စွဲ၊ သုံးစွဲပုံအညွှန်း၊ ထုတ်လုပ်သူ စသည့် Labeling များကို သေချာစွာစိစစ်ရန်၊

Falsified Medicines and Vaccines (ဆေးဝါးအတုနှင့် ကာကွယ်ဆေးအတု)

  • (COVID-19 ကုသရန်ဆေးဝါးကို စမ်းသပ်ကုသမှုများ ပြုလုပ်နေသော်လည်း လတ်တလောအချိန်ထိ WHO မှအသိအမှတ်ပြုထားခြင်း မရှိသေးပါကြောင်း၊ COVID-19 ကာကွယ်ဆေးမရှိသေးပါကြောင်း၊
  • National Health Authorities, Healthcare Professionals, Public, Supply chain stakeholders များအနေဖြင့် ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးစင်တာ၊ ဓါတ်ခွဲခန်းများ၊ လက်လီလက်ကား ဖြန့်ဖြူးရောင်းချသူများ နှင့် ဆေးဝါးရောင်းချ သည့်ဆိုင်များတွင် Falsified medicinal products များဖြန့်ဖြူးရောင်းချမှုမရှိ စေရန် ကြပ်မတ်ဆောင်ရွက်ခြင်းပိုမိုတိုးမြှင့်ရန် (increased vigilance) လိုကြောင်း၊
  • COVID-19 နှင့်ပတ်သက်သည့် ဆေးနှင့်ဆေးပစ္စည်းများကိုလည်း ယုံကြည်စိတ်ချ ရသော (Authentic and reliable sources) မှသာရရှိမည်ဖြစ်ကြောင်း၊
  • ပြည်သူများအနေဖြင့် COVID-19 ကုသမှုနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ထမ်း များ (Healthcare professionals) ထံမှသာ အကြံဉာဏ်များယူရမည် ဖြစ်ကြောင်း၊ ဖော်ပြထားပါသည်။