သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးကြေညာချက်

၁။      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာ ရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင် ရန် စနစ်တကျကွပ်ကဲလျက်ရှိပါသည်။

၂။       အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့်  အလှကုန်ပစ္စည်းများကိုစစ်ဆေးခဲ့ရာ အောက်ဖော်ပြပါအလှကုန်ပစ္စည်း(၁၀)မျိုးသည် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာ ရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါ သည်။

 

စဉ်။ အလှကုန်ပစ္စည်း အမည် ထုတ်လုပ်သည့်ကုမ္ပဏီ တွေ့ရှိချက် ပစ္စည်းနမူနာ
၁။ ANYLADY

Orange Juice Gorgeous Colors! Eyeshadow Make up – 02 (21g)

Bofei Cosmetics Co., Ltd.

Made in P.R.C

Lead (+)  

၂။ ANYLADY

Soda Pop Gorgeous Colors! Eyeshadow Make Up – 03 (21g)

Bofei Cosmetics Co., Ltd.

Made in P.R.C

Lead (+)  

၃။ MAX GIRL

New Palette Artistic Eyeshadow

ဖော်ပြမထားပါ။ Lead (+)  
၄။ HLR

Smooth Eyeshadow Palette 12 Colors (15g)

တရုတ်ဘာသာ

ဖြင့်ဖော်ပြထားပါသည်။

Lead (+)  
၅။ GERO

Skin Naturals Whitening Dispel Spot 7 Days Withing Dispel Sports Cream (30ml)

Thailand Gero International Cosmetics Co., Ltd., Thailand. Mercury(+)  
၆။ CAINIYA

7-Days Anti-Fleck Papaya Paw Paw Whitening Despeckle AB Set (20gx2)

တရုတ်ဘာသာ

ဖြင့်ဖော်ပြထားပါသည်။

Mercury(+)  
၇။ MISS MAY

Freckle & Spot Removing Magic Cream White (30ml)

Thailand Miss May International Cosmetics Co., Ltd. Mercury(+)  
၈။ Voliko

Lipstick; 02, 04, 0

ဖော်ပြမထားပါ။ Lead (+)  
၉။ Kiss Beauty

Blush Fruit Series 3# (6g)

Made In P.R.C Lead (+)  
၁၀။ HASAYA GIRL

Blush Aloe Vera 99% (17.5g)

ထိုင်းဘာသာ

ဖြင့်ဖော်ပြထားပါသည်။

Lead (+)  

 

၃။      တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက် များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါ ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့်အခြားရောဂါများ ဖြစ်ပွားနိုင်ပါသည်။

၄။      အလှကုန်ပစ္စည်းတင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့်ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင် များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိ သော အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက် ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန