အသိပေး အကြောင်းကြားခြင်း
Changes different between upgraded Online Booking System and old system.
(Cosmetics and Medical Devices)
- အစားအသောက်နှင့်ဆေးဝါး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသူ အများပြည်သူ များထံသို့ အသိပေး အကြောင်းကြားခြင်း
- လက်ရှိအသုံးပြု နေသော Online Booking System ကို users များအနေဖြင့်ပိုမို ကောင်းမွန်လွယ်ကူစွာ အသုံးပြုနိုင်ရန်အတွက် အောက်ပါ အချို့သောအချက် များကို ပြင်ဆင်အဆင့်မြင့်တင်ထားပါသည်။
- လျှောက်ထားသူများသည် အောက်ပါ အချက်အလက်အလက်သစ်များကို
သတိပြုနိုင်ရန် အသိပေးအပ်ပါသည်။ - Applicant အကောင့်တစ်ခုသည် device တစ်ခုတည်းတွင်သာ login ဝင်၍ action ပြုလုပ်နိုင်မည်ဖြစ်သည်။(အထူးသဖြင့်စနစ်သစ်တွင် Online Booking လျှောက်ထား သူများအနေနှင့် မိမိအကောင့်ဖြင့်စက်တစ်လုံးတွင် အသုံးပြု လျှောက်ထားနေလျှင် နောက်စက်တစ်လုံးမှ တူညီသော Account(User Name) များနှင့် အသုံးပြု၍ မရပါ။ အသုံးပြုသူများ ပိုမို မြန်ဆန်စွာ Booking ရရှိစေရန်ဖြစ်ပါသည်။
User Registration Page
[Figure 1.1] Old User [Figure Registration Page / [Figure 1.2] New User Registration Page
- ယခုစနစ်တွင် Applicant များ လွယ်ကူစွာ register ပြုလုပ်နိုင်ရန် user interface ကို စနစ်တကျပြင်ဆင်ပေးထားပြီး Feature များသည် ယခင်စနစ် ကဲ့သို့သာ ဖြစ်ပါသည်။
Profile Page
[Figure 1.3] Old Profile Page / [Figure 1.4] New Profile Page
- ယခုစနစ်တွင် Applicant NRC ကို ပြန်လည်စစ်ဆေးနိုင်ရန် ဖော်ပြပေးထားပါသည်။
- Applicant data များကိုလည်း လွယ်ကူစွာ ပြန်လည်ပြင်ဆင်နိုင်ရန် ပြုလုပ်ပေးထားပါသည်။
Login Page
[Figure 1.5] Old Login Page / [Figure 1.6] New Login Page
- ယခုစနစ်တွင် Applicant များ Login ဝင်ရာ၌ လွယ်ကူချောမွေ့စေရန် Login page ကို page အသစ် တစ်ခုအဖြစ် ဖော်ပြပေးထားပါသည်။
Forgot Password Page
[Figure 1.7] New Login Page / [Figure 1.7] New Forgot Password Page
- ယခင်စနစ်တွင် မပါဝင်သော Forgot Password function ကို ယခုစနစ် အသစ်တွင် ထည့်သွင်းပေးထားပါသည်။
- ဤစနစ်သစ်ကို ထည့်သွင်းပေးထားခြင်းအားဖြင့် applicant များသည် မိမိ password အား မေ့လျော့ပါက register လုပ်ရာတွင် အသုံးပြုခဲ့သော email ကို သုံး၍ ပြန်လည်ရယူနိုင်ပါသည်။
Change Password
[Figure 1.8] Old Change Password Page / [Figure 1.9] New Change Password Page
- Password ပြောင်းရာ၌ old password တွင် လက်ရှိအသုံးပြုနေသော နံပါတ် ကို ဖြည့်သွင်းပြီး New password တွင် အသစ်ပြုလုပ်လိုသော နံပါတ်နှင့် Confirm Password တွင် New Password ပြောင်းရာ၌ old password တွင် လက်ရှိအသုံးပြုနေသော နံပါတ်ကို ဖြည့်သွင်းပြီး New password တွင် အသစ်ပြုလုပ်လိုသော နံပါတ်နှင့် Confirm Password တွင် New Password နှင့် တူညီစွာဖြည့်သွင်းရမည်။
- ယခုစနစ်အသစ်တွင် Applicant များ လွယ်ကူစွာဖြင့် password ပြောင်းနိုင်ရန် page အသစ်တစ်ခုကို ပြုလုပ်ပေးထားပါသည်။
Appointment
[Figure 2.0] Old Appointment Page / [Figure 2.1] New Appointment Page
- ယခုစနစ်သစ်တွင် Appointment ယူရာ၌ robot detective ကို user မှ ရိုက်ထည့်ရန်မလိုဘဲ အလိုအလျောက်စနစ်ကို ထည့်သွင်းပေးထားပါသည်။
Booking List
[Figure 2.2] New Booking Page
- ယခုစနစ်တွင် Booking ယူထားသော စာရင်းကို ဖော်ပြပေးထားပါသည်။
- ယခုကဲ့သို့ ဖော်ပြထားခြင်းအားဖြင့် Applicant သည် မိမိယူထားသော Booking ၏ ရက်စွဲမှစ၍ အသေးစိတ်အချက်အလက်များကို ပြန်လည်ကြည့်ရှု နိုင်ပြီး pdf အဖြစ် ထုတ်ယူနိုင်မည်။
1. Resend Booking
[Figure 2.3] Old Resend Booking Page / [Figure 2.4] New Resend Booking Page
- ယခင်စနစ်တွင် Applicant မှ pdf ထုတ်ယူနိုင်သော page မပါရှိပါ။
- ယခုစနစ်အသစ်တွင် Applicant သည် register လုပ်ထားသော အကောင့်ကို login ဝင်၍ မိမိအလိုရှိသောအချိန်တွင် pdf ဖိုင်ကို ရယူနိုင်ရန် ပြုလုပ်ပေး ထားပါသည်။
2. Cancel List
[Figure 2.5] Old Cancel Page / [Figure 2.6] New Cancel Page
- ယခင်စနစ်တွင် Cosmetic နှင့် Medical device အတွက် Cancellation ပြုလုပ်ရန် ဌာနသို့ Applicant ကိုယ်တိုင် လာရောက်ရသည်။
- ယခုစနစ်တွင် Applicant သည် Cancel Button ကိုနှိပ်ရုံဖြင့် Cancellation ပြုလုပ်လိုကြောင်း request ကို Applicant ၏ gmail မှတစ်ဆင့် ဌာန၏ gmail ထံသို့ အလိုအလျောက် လွယ်ကူစွာ ပေးပို့နိုင်မည်ဖြစ်သည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန