(၃-၃-၂၀၂၀) အသိပေးကြေညာချက်

     

 

၁။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည်အသွေးစစ်မှန်ကောင်း မွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင် စေရန်အတွက် ကြီးကြပ်ကွပ်ကဲခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။
၂။ သက်တမ်းတို အစားအသောက်များ (၂၄ နာရီအတွင်းစားသုံးရမည့် အစားအသောက် များ) အားဈေးကွက်တင်ရောင်းချရာ၌ တံဆိပ်ကပ်ထုပ်ပိုးရောင်းချပါက ထုပ်ပိုးပစ္စည်းပေါ် တွင် နေ့ချင်းပြီးစားသုံးရန်၊ ထုတ်လုပ်သည့်ရက်စွဲ (Manufacturing Date) ကိုဖော်ပြရန်နှင့် စတစ်ကာ (Sticker) ဖြင့်ကပ်၍ ဖော်ပြမည်ဆိုပါက အလွယ်တကူကွာမထွက်နိုင်သော၊ အခြားနေရာများတွင် ပြန်လည်အသုံးမပြုနိုင်သော ၊ ခွာ၍သုံးမည်ဆိုလျှင် အကောင်းပကတိ ပြန်လည်အသုံးပြု၍မရအောင် စီစဉ်ပြုလုပ်ထားသော စတစ်ကာ (Sticker) ဖြင့် ဖော်ပြရန် အသိပေးကြေညာအပ်ပါသည်။

 

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန