(၃-၃-၂၀၂၀) အမည်ပျက်စာရင်း အသိပေးကြေညာချက်

Macleods Pharmaceuticals Ltd မှ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် ဆေးဝါးမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်ရန် ခန့်ထားသည့် ကိုကျော်ဆန်းလွင် (မှတ်ပုံတင်အမှတ် – ၁၂/သကတ (ပြု) ၀၀၁၅၉၄) သည် ဆေးဝါးဌာနခွဲတွင် Process များဆောင်ရွက်ရန်ပေးသွင်းရမည့် ကုမ္ပဏီ၏ငွေများကို ထုတ်ယူထားပြီး အမှန်တကယ် ပေးသွင်းထား ခြင်းမရှိဘဲ စာရွက်စာတမ်းများအတုပြုလုပ် ထားသည်ကို စိစစ်တွေ့ရှိရပါသဖြင့် အဆိုပါဝန်ထမ်းအား အမည်ပျက်စာရင်း (Black List) သတ်မှတ်ကြောင်း အသိပေးအပ်ပါသည်။


Top Prime Trading Co., Ltd မှ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတွင် ဆေးဝါးမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ ဆက်သွယ်ဆောင်ရွက်ရန် ခန့်ထားသည့် ဦးပြည့်ဖြိုးအောင် (မှတ်ပုံတင်အမှတ်- ၉/ပမန(နိုင်) ၁၃၃၇၄၃) သည် ဆေးဝါးမှတ်ပုံတင်သက်တမ်းတိုးလက်မှတ် (Renewal DRC Certificate) မသမာပြုလုပ် ခြင်းနှင့် ကုမ္ပဏီ၏အကြောင်းကြားချက်အရ အလုပ်မှထွက်ပြေးတိမ်းရှောင်နေခြင်းတို့ ကြောင့်  အဆိုပါဝန်ထမ်းအား အမည်ပျက်စာရင်း (Black List) သတ်မှတ်ကြောင်း အသိပေးအပ်ပါသည်။