(၂၆-၂-၂၀၂၀) အသိပေးကြေညာချက်
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အစားအသောက်ဌာနခွဲသို့ အစားအသောက်/ သောက်ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းများမှ အစားအသောက် ထုတ်လုပ်ခြင်းထောက်ခံချက် (သက်တမ်းတိုး) လျှောက်ထားရာတွင် သက်တမ်းကုန်ဆုံး ရက်ထက် (၁) ရက်ကျော်လွန်ပါက သက်တမ်းလွန်ကာလ (၁) လအဖြစ် သတ်မှတ်၍ သက်တမ်းလွန်ဒဏ်ကြေး ကောက်ခံသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန