(၁-၁-၂၀၂၀) အသိပေးကြေညာချက်

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ စားသောက်ကုန်အတွက် သွင်းကုန်/ ပို့ကုန်ဆိုင်ရာစစ်ဆေးစိစစ်ခြင်း လုပ်ထုံးလုပ်နည်းစနစ်သစ်ကို ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ စတင်၍ ကျင့်သုံးဆောင်ရွက်မည်ဖြစ်ပါသဖြင့် လုပ်ထုံးလုပ်နည်း စနစ်သစ်ပါ အတိုင်းတင်ပြ ဆောင်ရွက်ရန် အသိပေးနှိုးဆော်အပ်ပါသည်။

ယင်းလုပ်ထုံးလုပ်နည်းစနစ်သစ်ကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဝက်ဘ်စာမျက်နှာ (www.fda.gov.mm) တွင် အောက်ပါအတိုင်းဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အသိပေးအပ်ပါသည်။

 

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

 

Download PDF