ပြည်ထောင်စုသမ္ပတ မြန်မာနိုင်ငံတော်အစိုးရ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးဌာန (အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း)

၁။      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၏ အစားအသောက်နှင့်အခြားကုန်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများ၊ ထုတ်လုပ်ပြီး ကုန်ပစ္စည်းများ၏ သိုလှောင်ရုံလုပ်ငန်းများ၊ နိုင်ငံခြားမှတင်သွင်းလာမည့် ကုန်ပစ္စည်းများနှင့် ပတ်သက်ပြီး စိစစ်ခြင်း/ မှတ်တမ်းတင်ခြင်း/ ထောက်ခံချက်ပေးခြင်း၊ လိုအပ်ချက်ရှိပါက အကြံပြုခြင်း၊ ငြင်းပယ်ခြင်းများ ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်လွယ်ကူစေမည့် ဝန်ဆောင်မှု စနစ်များ ဖြစ်ပေါ်လာစေရန်အတွက် စနစ်တည်ဆောက်ခြင်းလုပ်ငန်းကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူမည်ဖြစ်ပါ၍ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။       တင်ဒါပုံစံစတင်ရောင်းချမည့်ရက်              – ၄-၁၂-၂၀၁၉ ရက် (ဗုဒ္ဓဟူးနေ့)

၃။      တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက်          – ၃၀-၁၂-၂၀၁၉ ရက် (တနင်္လာနေ့)

၄။      တင်ဒါပုံစံရောင်းချမည့်နေရာ          – စီမံရေးဌာနခွဲ ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ နေပြည်တော်

၅။      တင်ဒါတင်သွင်းရမည့်နေရာ            – တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ၊ နေပြည်တော်

၆။      တင်ဒါဖွင့်ဖောက်စစ်ဆေးမည့်နေ့ရက်နှင့်အချိန်            – ကြိုတင်ကြေညာပါမည်

၇။      အသေးစိတ်အချက်အလက်များကို သိရှိလိုပါက အောက်ပါလိပ်စာအတိုင်း အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ ၊ တယ်လီဖုန်းနံပတ်-၀၆၇-၄၀၃၆၀၉, ၀၆၇-၄၀၃၅၈၆ သို့ဖြစ်စေ ၊  fdanpt1@gmail.com သို့ဖြစ်စေရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်-

 

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

ပြည်ကြီးဇေယျာလမ်း၊ ဇေယျသိဒ္ဓိရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်

 

Download