သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးနိူးဆော်ချက်
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စျေးကွက်ထောက်လှမ်းစစ်ဆေးရာတွင် တားမြစ်ဓာတုပစ္စည်းဖြစ်သည့် Mercury ပါဝင်သဖြင့် သုံးစွဲရန် မသင့်သောအလှကုန်ပစ္စည်းများ ဖြစ်ကြောင်း (၂-၄-၂၀၁၈)ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် အများပြည်သူသိရှိစေရန် ထည့်သွင်းကြော်ငြာ၍ အလှကုန်ပစ္စည်းမှတ်တမ်းတင်လက်မှတ်ရုပ်သိမ်းခံရသော Korea Fulenze Co., Ltd. Korea ထုတ် Fulenze WhiteningRefreshing Freckle Day Cream နှင့် မှတ်တမ်းတင်ခွင့်ပြု ထားခြင်းမရှိသော FulenzeWhitening Freckle Night Cream,Fulenze Refreshing Whitening Freckle Day Cream + Night Cream တို့ကို ယခုအခါ အခြားအလှကုန်ပစ္စည်းများ၏ မှတ်တမ်းတင် လက်မှတ်များဖြင့် ပူးတွဲကြော်ငြာ၍ ဆိုရှယ်မီဒီယာမှတဆင့် ဖြန့်ဖြူးရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပါသဖြင့် သုံးစွဲရန်မသင့်သော ဘေးအန္တရာယ်ဖြစ်စေနိုင်သည့် တားမြစ်ဓာတုပစ္စည်း ပါဝင်သော အဆိုပါအလှကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲခြင်းမပြုကြပါရန် ထပ်မံအသိပေးနိူးဆော်အပ်ပါသည်။