ဂျပန်နိုင်ငံ၊ Toyama Universityနှင့် JICA မှကိုယ်စားလှယ်များနှင့် ညွှန်ကြားရေးမှူးချုပ်ဦးဆောင်သောအဖွဲ့တွေ့ဆုံဆွေးနွေး
နေပြည်တော်၊ ဒီဇင်ဘာလ (၁၀)ရက်
အဆိုပါတွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ဧည့်ခန်းမတွင် (၁၀-၁၂-၂၀၁၉)ရက်နေ့၊ နံနက် (၁၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာခင်ဇော်၊ ညွှန်ကြားရေးမှူး(ဆေးဝါး) ဒေါက်တာသိင်္ဂီဇင်၊ ညွှန်ကြားရေးမှူး (ဆေးပစ္စည်း/အလှကုန်) ဒေါက်တာတင်ဝါဝါဝင်း၊ ညွှန်ကြားရေးမှူး (ဓာတ်ခွဲ) ဒေါက်တာရွှေစင်လှိုင်၊ ဒုတိယညွှန်ကြားရေးမှူး(အစားအသောက်) ဒေါက်တာစပယ်ထက်ထက်ထူးတို့နှင့် Mr.Katsuhiro Konno (University of Toyama)၊ Ike Tetsuhiro (Senior Assistant Director, JICA) Mr.Masashi Imamura (President, Imamura Pharma Consulting Corporation) တို့သည် JICA Project အကြောင်းနှင့် JICA Project ဖြင့်သင်တန်း တက်ရောက်ခဲ့သူများအကြောင်းကို တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။