အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ပါမောက္ခဒေါက်တာခင်ဇော် ဦးဆောင်သောအဖွဲ့မှARISE + Myanmar Program မှတာဝန်ရှိသူများအားလက်ခံတွေ့ဆုံခြင်း

(၆-၁၂-၂၀၁၉)ရက်နေ့၊နေပြည်တော်။

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ပါမောက္ခဒေါက်တာခင်ဇော် ဦးဆောင်သောအဖွဲ့အား ARISE + Myanmar Program မှတာဝန်ရှိသူများမှ ASEAN နိုင်ငံများအတွင်း ထုတ်လုပ်သော Prepackaged food များလွယ်ကူချောမွေ့စွာဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် အသိအမှတ်ပြုလက်ခံနိုင်မည့် SOP များထွက်ပေါ်ရေး ၊အာဆီယံ Guidelines များအရတပြေးညီလိုက်ပါဆောင်ရွက်နိုင်ရေးလိုအပ်ချက်များသုံးသပ်နိုင်ရန် ၎င်းအဖွဲ့၏ Expert များမှကူညီဆောင်ရွက်ပေးရေးကိစ္စရပ်များ၊ National Food Safety Laughing Ceremony ကျင်းပရေး၊ကျင်းပပြီးပါက Regulations များထုတ်ပြန်ခြင်း၊ National Risk Centre ဖွဲ့စည်းခြင်း၊နိုင်ငံတကာ Codex နှင့်သက်ဆိုင်သောအစည်းအဝေးများ နှင့် ၎င်းတို့နှင့်သက်ဆိုင်သော ဆက်စပ်အစည်းအဝေးများအားအထောက်အကူပြုရေးတို့နှင့်စပ်လျဉ်း၍တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။