စားသုံးရန်မသင့်သော အစားအသောက်များနှင့်ပတ်သက်၍အများပြည်သူသိရှိရန် အသိပေးကြေညာချက် ( အစားအသောက်အမျိုးအစား )

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့စားသုံးနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိပါသည်။

ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့် ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါအစားအသောက်များ၌ စားသုံးသူများ၏ ကျန်းမာရေးကိုထိခိုက်စေနိုင်သော ခွင့်မပြုဆိုးဆေးများနှင့်တာရှည်ခံ ဓာတုဆေးများ ပါဝင်ခြင်းတို့ကြောင့် အစားအသောက်များကို ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊  ကျောက်ကပ်များပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါများဖြစ်ပွားစေနိုင်ပါသဖြင့် ယခုဖော်ပြ ထားသော   အစားအသောက်များကို နောက်ထပ်ကြေညာချက်ထုတ်ပြန်သည်အထိ စားသုံးခြင်း မပြုရန် အသိပေးအပ်ပါသည်။

အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင်သုံးစွဲရန် ခွင့်မပြုသောဆိုးဆေးများ၊ တာရှည်ခံဓာတုပစ္စည်းများကိုလုံးဝအသုံးမပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက် ဥပဒေပုဒ်မ၂၈(က) အရ အရေးယူမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

၂၀၁၉ ခုနှစ်အတွင်း ဇန်နဝါရီလမှ မတ်လအထိ စားသုံးရန်မသင့်ဟု စစ်ဆေးတွေ့ရှိပြီး အမှတ်တံဆိပ်ပါသည့် အစားအသောက်နမူနာများစာရင်း

 

စဉ် အစားအသောက် အမျိုးအစား အမှတ်တံဆိပ် ထုပ်ပိုးပုံ အရွယ်အစား ခွင့်မပြုဆိုးဆေး ပါဝင်မှု/ တာရှည်ခံပစ္စည်းသုံးမှု
၁။ ပဲကြီးလှော် ရှမ်းကြီး plastic pack Auramine O
၂။ ငရုတ်သီး ခွဲကြမ်းမှုန့် ကောင်းကောင်း ၂၅ ကျပ်သား Sudan III

 

 

စဉ် အစားအသောက် အမျိုးအစား အမှတ်တံဆိပ် ထုပ်ပိုးပုံ အရွယ်အစား ခွင့်မပြုဆိုးဆေး ပါဝင်မှု/ တာရှည်ခံပစ္စည်းသုံးမှု
၃။ ငရုတ်ဆီ နိုင် Sodium Benzoate

သတ်မှတ်ပမာဏထက်ပို၍ အသုံးပြုထားပါသည်။

၄။ ဇီးထုပ် ထောဘီ Sodium Benzoate

သတ်မှတ်ပမာဏထက်ပို၍

အသုံးပြုထားပါသည်။

၅။ အရောင်တင်

မှုန့်

ကောင်းကောင်း ၂၅ ကျပ်သား Sudan III
၆။ မြိတ်ငါးပိထောင်း တီဆွေ 100g/plastic pack Rhodamine B
၇။ ခေါက်ဆွဲ နတ်သမီး 256g/ plastic pack Borax(+)

အသုံးပြုမှု

၈။ ငရုတ်ဆီဆော့ ဝင်းစတား 200g/plastic pack Sudan III
၉။ ငရုတ်သီး

အရောင်တင်မှုန့်

နိုင် ၁၀ကျပ်သား Sudan III
၁၀။ Gel Jelly (အစိမ်း) ASA 58g/ plastic pack Benzoic Acid

သတ်မှတ်ပမာဏထက်ပို၍ အသုံးပြုထားပါသည်။

၁၁။ Gel Jelly (အဝါ) ASA 58g/ plastic pack Benzoic Acid

သတ်မှတ်ပမာဏထက်ပို၍ အသုံးပြုထားပါသည်။

၁၂။ ဇီးထန်းလျှက် တိုးတက်အောင် ၂၅ကျပ်သား Rhodamine B
၁၃။ ငရုတ်ဆီ (အညို) ဆဲဗင်းစတား ၂၅ ကျပ်သား/
plastic pack
Benzoic Acid
သတ်မှတ်ပမာဏထက်ပို၍ အသုံးပြုထားပါသည်။

 

 

စဉ် အစားအသောက် အမျိုးအစား အမှတ်တံဆိပ် ထုပ်ပိုးပုံ အရွယ်အစား ခွင့်မပြုဆိုးဆေး ပါဝင်မှု/ တာရှည်ခံပစ္စည်းသုံးမှု
၁၄။ ဂျင်းချဉ် ထွန်းမိသားစု ၂၅ ကျပ်သား/
plastic pack
Auramine O
၁၅။ Myanmar Ginger
Energy Drink
Kywe Cho 200 ml/glass bottle Cyclamate

သတ်မှတ်ပမာဏထက်ပို၍ အသုံးပြုထားပါသည်။

၁၆။ အရောင်တင်မှုန့် ဒေါ်နွဲ့ ၁၅ကျပ်သား/
plastic pack
Aflatoxin B1

သတ်မှတ်ပမာဏထက် ကျော်၍ပါရှိပါသည်။

၁၇။ အရောင်တင်မှုန့် သရဖူ ၁၅ကျပ်သား/
plastic pack
Sudan III
၁၈။ ငရုတ်သီး

အနုမှုန့်

မင်းမင်း ၁၀ကျပ်သား/
plastic pack
 

Sudan III

 

၁၉။ ငရုတ်သီးမှုန့် သင်း 7g/Plastic pack Aflatoxin B1

သတ်မှတ်ပမာဏထက် ကျော်၍ ပါရှိပါသည်။

၂၀။ ငရုတ်သီးမှုန့်
(အစိမ်း)
DDK 20g/Plastic pack Sudan III
၂၁။ ဇီးလုံး ​ရွှေမင်းသား ၅၀ ကျပ်သား/

plastic pack

Rhodamine B

 

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

ကျန်းမာရေးနှင့်အားကားဝန်ကြီးဌာန