သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးကြေညာချက်

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေး အန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် ကြီးကြပ်ကွပ်ကဲခြင်းကို ဆောင်ရွက် လျက်ရှိပါသည်။

၂။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် စျေးကွက်တွင်ရောင်းချနေသည့်  အလှကုန်ပစ္စည်း များကို စစ်ဆေးခဲ့ရာ ပူးတွဲဖော်ပြပါ အလှကုန်ပစ္စည်း(၅)မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၌ မှတ်တမ်းတင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ပါကြောင်း   အသိပေးနှိုးဆော်အပ် ပါသည်။

စဥ် အလှကုန်ပစ္စည်းအမည် ထုတ်လုပ်သည့်ကုမ္ပဏီ တွေ့ရှိချက် ပစ္စည်းနမူနာ
၁။ NOTE
Mattemoist Lip Gloss
ဖော်ပြမထားပါ။ Rhodamine B(+)  
၂။ New Citra
Gold – Pearly White UV Day Cream
Milott Laboratory Co., Ltd, Thailand. Mercury (+)  
၃။ Aweto
Whitening Day Cream 30g + Whitening Night Cream 30g
တရုတ်ဘာသာဖြင့်
ဖော်ပြထားပါသည်။
Mercury (+)  
၄။ Kiss Beauty
Real Gel Tint 9 Fruit Flavor 14ml
Made In P.R.C Rhodamine B(+)  
၅။ Romantic May
Matte Lipstick
ဖော်ပြမထားပါ။ Rhodamine B(+)  

၃။ တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်း ကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများ ဖြစ်ပွား နိုင်ပါသည်။ RhodamineB အရောင်ဆိုးဆေးသည် အဝတ်အထည်များ အရောင်ဆိုးရာတွင် အသုံးပြုသော ဓါတု ပစ္စည်းဖြစ်၍ ရေရှည်သုံးစွဲပါက နှုတ်ခမ်းကင်ဆာ၊ အစာအိမ်အူလမ်းကြောင်းကင်ဆာနှင့် ကျောက်ကပ်ရောဂါများ ဖြစ်ပွား နိုင်ပါသည်။

၄။ အလှကုန်ပစ္စည်း တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့်ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန် မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရ လုံးဝ မပြုလုပ် ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်း မာရေးဆိုင်ရာဥပဒေ ပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန