အသိပေးကြေညာချက်

၁။   အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည်အသွေး စစ်မှန် ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံးနိုင်စေရန်အတွက် ကြီးကြပ်ကွပ်ကဲခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။

၂။   သက်တမ်းတို အစားအသောက်များ (၂၄နာရီအတွင်း စားသုံးရမည့် အစား အသောက်များ) အားဈေးကွက်တင်ရောင်းချရာ၌ တံဆိပ်ကပ် ထုပ်ပိုးရောင်းချပါက ထုပ်ပိုးပစ္စည်း ပေါ်တွင် ထုတ်လုပ်သည့်ရက်စွဲ (Manufacturing Date) ကိုဖော်ပြရန်နှင့် စတစ်ကာ (Sticker) ဖြင့်ကပ်၍ ဖော်ပြမည်ဆိုပါက အလွယ်တကူကွာမထွက်နိုင်သော၊ ခွာ၍သုံးမည်ဆိုလျှင် အကောင်းပကတိပြန်လည် အသုံးပြု၍မရအောင် စီစဉ်ပြုလုပ် ထားသော စတစ်ကာ (Sticker) ဖြင့် ဖော်ပြရန်အသိပေး  ကြေညာအပ်ပါသည်။

 

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန