သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးကြေညာချက်

၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင်ရန် ကြီးကြပ်ကွပ်ကဲခြင်းကို ဆောင်ရွက်လျက်ရှိပါသည်။

၂။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် စျေးကွက်တွင်ရောင်းချနေသည့်  အလှကုန်ပစ္စည်း များကို စစ်ဆေးခဲ့ရာ ပူးတွဲဖော်ပြပါ အလှကုန်ပစ္စည်း(၄)မျိုးသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီး ဌာန၌ မှတ်တမ်းတင်ထားခြင်း မရှိသည့်အပြင် ကျန်းမာရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတု ပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ပါကြောင်း   အသိ ပေး နှိုးဆော်အပ်ပါသည်။

စဥ် အလှကုန်ပစ္စည်းအမည် ထုတ်လုပ်သည့်ကုမ္ပဏီ တွေ့ရှိချက် ပစ္စည်းနမူနာ
၁။ Romantic May

Matte Lipstick

ဖော်ပြမထားပါ။ Rhodamine B(+)  
၂။ Seduce Hanbeili

Natural Lipstick 04

ဖော်ပြမထားပါ။ Rhodamine B(+)  
၃။ Romantic May

Lipstick New Color Waterproof

ဖော်ပြမထားပါ။ Rhodamine B(+)  
၄။ TAILAIMEI

Black Rose Lipstick

Shantou City Tailaimei Cosmetics Ind Co., Ltd, China. Rhodamine B(+)  

၃။  RhodamineB အရောင်ဆိုးဆေးသည် အဝတ်အထည်များ အရောင်ဆိုးရာတွင်အသုံးပြုသော ဓါတုပစ္စည်း ဖြစ်၍ ရေရှည်သုံးစွဲပါက နှုတ်ခမ်းကင်ဆာ၊ အစာအိမ်အူလမ်း ကြောင်းကင်ဆာနှင့်   ကျောက်ကပ်ရောဂါများဖြစ် ပွားနိုင်ပါသည်။

၄။ အလှကုန်ပစ္စည်း တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့်ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင်များသည် အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိသော အများပြည်သူသုံးစွဲရန် မသင့် ကြောင်းကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရ လုံးဝ  မပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်း မာရေး ဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ် ပါသည်။

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန