ပြည်သူများသိရှိစေရန်အတွက် အသိပေးကြေငြာချက် Dukoral Oral Cholera Vaccine (Batch- KV8262B1)
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အင်္ဂလိပ်ဘာသာ နှင့် ပြင်သစ်ဘာသာနှစ်မျိုးဖြင့် ရေးသားထားသော Dukoral Oral Cholera Vaccine (Batch- KV8262B1)၊ ထုတ်လုပ်သူအမည် Valneva Canada Inc. and Crucell (ထုတ်လုပ်သည့်နိုင်ငံမပါရှိ) ဟုဖော်ပြထားသော 8000 Falsified packs of oral cholera vaccine များအား ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် ဖြန့်ဖြူးနေကြောင်း Manufacturer Valneva မှ WHO International Alert သို့ အကြောင်းကြားထားခြင်းကို အသိပေးအပ်ပါသည်။
Dukoral Oral Cholera Vaccine အစစ်အမှန်၏ ထုတ်လုပ်သူမှာ Valneva Sweden AB. (ယခင် Crucell Sweden AB.) ဖြစ်ပြီး Batch No- KV8262B1 ကုိလည်း ၄င်းကုမ္ပဏီမှ ထုတ်လုပ် ထားခြင်းမရှိပါကြောင်း၊ ထုတ်လုပ်သူအမည် Valneva Canada Inc. and Crucell ဟူ၍လည်း မရှိပါကြောင်း အသိပေးအပ်ပါသည်။