အသိပေးကြေငြာချက် – ICLUSIG 45mg (Ponatinib) Tablets

မလေးရှားနိုင်ငံရှိ Wholesaler တစ်ခုမှ အင်္ဂလိပ်ဘာသာ ဖြင့်ရေးသား ထားသော ICLUSIG 45mg (Ponatinib) Tablets (Batch- PR072875) နှင့် ဂျာမန်ဘာသာဖြင့် ရေးသား ထားသော ICLUSIG 45mg (Ponatinib) Tablets (Batch- PR0834170)၊ ထုတ်လုပ်သူအမည် INCYTE Biosciences UK Ltd. ဟုဖော်ပြထား သော ဆေး(၂)မျိုးကိုဝယ်ယူခဲ့ရာ ထုတ်လုပ်သူကုမ္ပဏီမှ ၄င်းဆေး(၂)မျိုးလုံး သည် ဆေးဝါးတု (Falsified Drugs) ဖြစ်ကြောင်း ၊ ဖော်ပြပါ Batch No. (၂)ခုလုံးကိုလည်း ထုတ်လုပ်ခြင်း မရှိခဲ့ပါကြောင်း WHO International Alert သို့ အကြောင်းကြားခဲ့ပါသည်။

INCLUSIG ဆေးဝါးအစစ်အမှန်တွင် Ponatinib HCl ပါဝင်ပြီး သွေးကင်ဆာအမျိုးမျိုး (different forms of Leukaemia) ကုသရာတွင်သုံးသော ဆေးဝါးြဖစ်ပါသည်။ တွေ့ရှိရသော ဆေးဝါးတု(၂)မျိုးကို ဓါတ်ခွဲစမ်းသပ် ကြည့်ရာတွင် Ponatinib HCl ပါဝင်ခြင်းမရှိပဲ ပါရာစီတမော (Paracetamol) များသာတွေ့ရကြောင်း ဖော်ပြထားပါသည်။ မြန်မာနိုင်ငံတွင်လည်း ICLUSIG 45mg (Ponatinib) Tablets မှာ ဆေးဝါးမှတ်ပုံတင် ရရှိထား ခြင်းမရှိပါကြောင်း အသိပေးအပ်ပါသည်။