ပြည်သူများသိရှိစေရန်အတွက် အသိပေးကြေငြာချက် – SLT 65 Lovelicare Capsule (Batch-C1703E)

ASEAN Post-marketing Alert System ဖြင့် စင်္ကာပူနိုင်ငံ Health Sciences Authority (HSA) ၏ စျေးကွက်တွင်တွေ့ရှိရသော Chinese Proprietary Medicine (Herbal) ဖြစ်သည့် SLT(TCM) Manufacturing Pte Ltd, Singapore ထုတ် SLT 65 Lovelicare Capsule (Batch-C1703E) အားစစ်ဆေးရာတွင် Total Yeast and Mould Count (စုစုပေါင်းရှိရမည့် မှိုပမာဏ)မှာ သတ်မှတ်ထားသည်ထက် ကျော်လွန်နေကြောင်း တွေ့ရှိရသဖြင့် စျေးကွက်မှပြန်လည်ရုပ်သိမ်းထားပါသည်။

သို့ဖြစ်ပါ၍ ၄င်း product အား ပြည်သူများ ဝယ်ယူသုံးစွဲခြင်းကို အထူးသတိပြုရှောင်ကြဉ်ကြပါရန် အသိပေးအပ်ပါသည်။