Online Booking System နှင့် Certificate Information Management System စတင်အသုံးပြုခြင်းအသိပေးမိတ်ဆက်ပွဲအခမ်းအနား
နေပြည်တော်၊ ဇန်နဝါရီလ(၁၁)ရက်
အဆိုပါအခမ်းအနားကို (၁၁-၁-၂၀၁၉)ရက်နေ့၊ နံနက်(၉:၀၀)နာရီတွင် နေပြည်တော်၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် အစားအသောက်၊ ဆေးဝါး၊ အလှကုန် နှင့် ဆေးပစ္စည်းများသည် လူတို့နေ့စဉ်နှင့်အမျှသုံးစွဲနေသည့်အတွက် အန္တရယ်ကင်းရှင်းရန်အလွန်အရေးကြီးပါကြောင်း၊ ယခုနှစ်သည် Year of Informative ဖြစ်သည့်အတွက်ယခုကဲ့သို့ Online ဖြင့် လုပ်ငန်းလျှင်မြန်အောင်ဆောင်ရွက်ခြင်းလုပ်ငန်းများအားကြိုဆိုပါကြောင်း၊ FDA ၏ ISO ရရှိပြီးဓာတ်ခွဲခန်းများ ယခုကဲ့သို့ဆက်လက်ဆောင်ရွက်နေမှုများအပေါ် အသိအမှတ်ပြုပါကြောင်းပြောကြားခဲ့ပါသည်။
ညွှန်ကြားရေးမှုးချုပ် ပါမောက္ခဒေါက်တာခင်ဇော်မှရှင်းလင်းတင်ပြရာတွင် ဌာနအနေဖြင့် လုပ်ငန်းများပိုမိုမြန်ဆန်စိတ်ချရမည့် နည်းလမ်းများဖြင့်ဆောင်ရွက်ရန် အွန်လိုင်းရက်ချိန်းကြိုတင်လျောက်ထားခြင်း စနစ်အားကျင့်သုံးခြင်းဖြစ်ကြောင်း၊ ပထမအဆင့်အနေဖြင့် ဆေးပစ္စည်း နှင့်အလှကုန်ဌာနခွဲများတွင်စတင်ကျင့်သုံးမည်ဖြစ်ပြီး၊ ကုန်ပစ္စည်းအရေအတွက်များအနေဖြင့် ဆေးပစ္စည်းအတွက် (၁၀၀)items၊ အလှကုန်အတွက် (၇၀) itemsများအား သတ်မှတ်ရက်များတွင် လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများကျန်းမာရေးစောင့်လျှောက်မှု အတွက် လိုအပ်သော ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် အလှကုန် ဘေးအန္တရာယ်ကင်းရှင်းရေးများ အတွက်အဓိကရည်ရွယ်ပါကြောင်း ပြောကြားခဲ့ပါသည်။
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် Certificate Information Management System အား ဖေဖော်ဝါရီလမှစတင်၍ အစားအသောက်ဌာနခွဲ၊အလှကုန်ဌာနခွဲ နှင့် ဆေးပစ္စည်းဌာနခွဲတို့တွင် စတင်အသုံးပြုမည်ဖြစ်ပြီး online ဖြင့် e-submission ဆောင်ရွက်ခြင်းလုပ်ငန်းများကိုလည်းဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း မိတ်ဆက်ပြောကြားခဲ့ပါသည်။
ထို့နောက်သက်ဆိုင်ဌာနများမှတာဝန်ခံများမှ ရှင်းလင်းတင်ပြခဲ့ကြပြီးဖိတ်ကြားထားသော နှီးနွယ်ဌာနများ နှင့် ဆေးပစ္စည်း နှင့်အလှကုန်ရောင်းချ တင်သွင်းသူများမှမေးခွန်းများမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်းများ ပြုလုပ်ခဲ့ကြပါသည်။