လမ်းဘေးဈေးသည်များ ရောင်းချနေသော အစားအသောက်များ ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ လုပ်ငန်းဆောင်ရွက်ရန်အတွက် ကြိုတင်ညှိနှိုင်းအစည်း အဝေးကျင်းပခြင်း

နေပြည်တော်၊ဇန်နဝါရီလ(၁၀)ရက်

လမ်းဘေးဈေးသည်များ ရောင်းချနေသောအစားအသောက်များ ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ လုပ်ငန်းဆောင်ရွက်ရန်အတွက် ကြိုတင်ညှိနှိုင်းအစည်းအဝေးအား (၁၀-၁-၂၀၁၉)ရက်နေ့ နေ့လည်(၂)နာရီအချိန်၌ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (နေပြည်တော်)တွင် နှီးနွယ်ဌာနများနှင့်ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ညွှန်ကြားရေးမှုးချုပ်ပါမောက္ခဒေါက်တာခင်ဇော်မှ အစည်းအဝေး၏ရည်ရွယ်ချက်မှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏လမ်းညွန်ချက်အရ လမ်းဘေးဈေးသည်များအား ကျန်းမာရေးအသိမြှင့်တင်ခြင်းဖြင့် အစားအသောက်ဘေးအန္တရာယ်ပိုမိုကင်းရှင်းရန်၊
ယခုဆွေးနွေးပွဲပေါ်မူတည်၍ ကျန်းမာရေးအသိပေးခြင်းများကို ဆက်လက်လုပ်ဆောင်ရန်၊ Target တစ်ခုပြီးတစ်ခုပြီးမြောက်အောင် ဆောင်ရွက်ခြင်းဖြင့် မိမိတို့ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိနိုင်ရန်၊ ဦးစားပေးအဆင့်များသတ်မှတ်ကာ လုပ်ထုံးလုပ်နည်းများဖြင့်စနစ်တကျဆောင်ရွက်ရန်၊
အထက်ပါကိစ္စများအောင်မြင်စေရန် နှီးနွယ်ဌာနများ၊ပြည်သူလူထုနှင့်ပူးပေါင်းဆောင်ရွက်ရန်တို့ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ယနေ့အစည်းအဝေးသို့ ဖိတ်ကြားထားသောဧည့်သည်တော်များနှင့်နှီးနွယ်ဌာနများတက်ရောက်ခဲ့ကြပါသည်။