P57 Hoodia (weight loss products) နှင့်ပတ်သက်၍ ပြည်သူများသိရှိစေရန်အတွက် အသိပေးကြေငြာချက်

P57 Hoodia (weight loss products) များကို Online Shopping များတွင် တွင်ကျယ်စွာ ရောင်းချနေသည်ကိုတွေ့ရှိရပါသည်။ ၄င်း P57 Hoodia တွင် Sibutramine ပါဝင်နေသည့်အတွက် USFDA မှ ၂၀၁၀ ခုနှစ်ကတည်းက  စျေးကွက်ထဲမှပြန််လည်ရုတ်သိမ်းထားကြောင်း၊ Health Canada မှလည်း (၂၅.၁.၂၀၁၂) ရက်စွဲဖြင့် စျေးကွက်ထဲမှပြန်လည်ရုတ်သိမ်းထားကြောင်း တွေ့ရှိရပါသည်။ ၄င်းဆေးဘူးခွံတွင်လည်း ထုတ်လုပ်သူအမည်ကို Huiking Pharmaceutical ဟုသာဖော်ပြထားပြီး ထုတ်လုပ်သည့်နိုင်ငံမပါရှိပါ။ ထို့ပြင် ဆေးဘူးအတွင်းရှိ ဆေးညွှန်းစာရွက်တွင်ဖော်ပြထားသော သောက်သုံးရန်မသင့်သူများမှာ နှလုံးနှင့်ပတ်သက်သောရောဂါရှိသူများ (coronary heart disease and cerebrovascular disease)၊ သွေးတိုးရောဂါရှိသူများ (high blood pressure)၊ စိတ်ရောဂါရှိသူများ (psychosis) ၊ ဆေးစွဲသူ (သို့) အရက်စွဲသူများ (addict of drugs, medicines or alcohol)၊ အသည်းနှင့်ကျောက်ကပ်မကောင်းသူများ (insufficiency of liver or kidney)၊ ဟိုက်ပါသိုင်းရွိုက်ရောဂါရှိသူများ (hyperthyroidism)၊ ဆီးကျိတ်ရောဂါရှိသူများ (prostatic hyperplasia)၊ ရေတိမ်ရောဂါရှိသူများ (glaucoma)၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် နို့တိုက်မိခင်များ (pregnancy and lactation)၊ အသက်(၁၈)နှစ်အောက်နှင့် အသက် (၆၀) ကျော်များ ဟူ၍ ပါရှိပါသည်။ အဆိုးဆုံးမှာ နှလုံးနှင့်ပတ်သက်သောရောဂါများဖြစ်သည့် heart attack နှင့် stroke ကြောင့် အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါသည်။  မြန်မာနိုင်ငံတွင်လည်း Sibutramine ဆေးဝါးများ၏ မှတ်ပုံတင်ခြင်း၊ တင်သွင်းခြင်းများအတွက် ငြင်းပယ်ထားပါသဖြင့် ပြည်သူများသတိပြုနိုင်ရန်အတွက် အသိပေးအပ်ပါသည်။