Mobile Laboratory Van Training ဓာတ်ခွဲခန်းယာဉ်များအသုံးပြုခြင်းသင်တန်းအား ကျင်းပပြုလုပ်ခဲ့
(၂၄-၉-၂၀၁၈)ရက်နေ့ တနင်္လာ နေ့ မနက် ၁၀နာရီအချိန်တွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန အပန်းဖြေခန်းမတွင် Mobile Laboratory Van Training ဓာတ်ခွဲခန်းယာဉ်များအသုံးပြုခြင်းသင်တန်းအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ သင်တန်းအားညွှန်ကြားရေးမှုးချုပ်ပါမောက္ခ ဒေါက်တာခင်ဇော်တက်ရောက်၍အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှုးချုပ်၊ ညွှန်ကြားရေးမှုးများ နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။ယခုတက်ရောက်သင်ကြားသော သင်တန်းသူသင်တန်းများအား နိုင်ငံတကာမှဓာတ်ခွဲပညာရှင်များ မှလေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက အရည်အချင်းပြည့်မှီသူများအား အသိအမှတ်ပြုအောင်လက်မှတ်များချီးမြှင့်သွားမည်ဖြစ်သည်။