အများပြည်သူသိရှိရန်အသိပေးနှိုးဆော်ချက်
၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး၊ ဘေးဥပါဒ် အန္တရာယ်ကင်းရှင်းကာ အကျိုးအာနိသင်ရှိသောဆေးဝါးများကို အများပြည်သူတို့သုံးစွဲနိုင်ရန် စနစ် တကျစိစစ်ကွပ်ကဲကြပ်မတ်လျက်ရှိပါသည်။
၂။ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်းရှိ ဆေးဝါးများ ကိုစိစစ်ခဲ့ရာ အောက်ဖော်ပြပါဆေးဝါး(၈)မျိုးသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါးများဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်-
| စဉ် | ဆေးအမည် | ဆေးဘူး/ ဆေးကဒ်တွင် ဖော်ပြချက် |
|---|---|---|
| ၁။ | Regenta Eye/Ear Drops (Gentamicin Sulphate IP eq.to Gentamicin 0.3%w/v, Methyl-Paraben Sodium IP 0.1%w/v (as preservative), Sterile Aqueous Base IP q.s) |
Regain Laboratories |
| ၂။ | Phenolphthalein Tablets (Phenolphthalein 50mg) | CS Pharmaceutical Co., Ltd, China |
| ၃။ | Ninazol Tablets (Ketoconazole 200mg) | T.O. Pharma Co., Ltd, Thailand |
| ၄။ | Piyenchin Solution (Naphazoline HCl Solution 1:1000) | YYJW Pharmaceutical (China) Co.,Ltd |
| ၅။ | Compound Miconazole Nitrate Cream (Miconazole Nitrate 20mg, Clobetasol Propionate 0.5mg/g) | Hubei KZ Pharmaceutical Co., Ltd |
| ၆။ | Chlorpheniramine Tablets (Chlorpheniramine Maleate 4mg) | K.B. Pharmaceutical Co., Ltd., Bangkok |
| ၇။ | Diclo-M Tablets (Diclofenac Sodium IP 50mg, Paracetamol IP 300mg, Magnesium Trisilicate IP 100mg) | VIP Pharmaceuticals Pvt. Ltd. Distt Solan-174101(H.P) |
| ၈။ | Oxytocin Injection (Oxytocin USP 10 IU/ ml) | Amros Pharmaceuticals, Pakistan |
၃။ အများပြည်သူများသည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများကို ဝယ်ယူသုံးစွဲခြင်းမပြုကြရန်နှင့် မြန်မာနိုင်ငံတွင်မှတ်ပုံတင်ရရှိထားသောဆေးဝါးများကို ဆရာဝန် ညွှန်ကြားချက်ဖြင့်ဝယ်ယူသုံးစွဲပါရန် အသိပေးအပ်ပါသည်။ ထို့အပြင် ပြည်သူ့ကျန်းမာရေးအတွက် စောင့်ရှောက်မှုဆောင်ရွက်ပေးသူများအနေဖြင့် မိမိတို့သုံးစွဲနေသည့် ဆေးဝါးများနှင့်ပတ်သက်၍ သံသယဖြစ်ဖွယ်တစ်စုံတစ်ရာရှိပါက သတင်းပေးပို့အကြောင်းကြားနိုင်ပါကြောင်း အသိပေးအပ် ပါသည်။
၄။ ဆေးဝါးတင်သွင်းဖြန့်ဖြူးသည့်ကုမ္ပဏီ၊ ဆေးဝါးရောင်းချသည့်ဆေးဆိုင်များသည် မြန်မာ နိုင်ငံတွင် မှတ်ပုံတင်ထားခြင်းမရှိသောဆေးဝါးများ၊ ဆေးဝါးအတု၊ စံမညီဆေးဝါးများကို တင်သွင်း ဖြန့်ဖြူးရောင်းချခြင်း (လက်လီ/ လက္ကား) လုံးဝမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက အမျိုးသားဆေးဝါးဥပဒေပုဒ်မ(၁၈)အရ တရားစွဲဆိုအရေး ယူမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
မှတ်ပုံတင်မရှိသောဆေးဝါးများ

