သြဂုတ်လ ၁၅ရက်နေ့ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးတွင် ကျင်းပပြုလုပ်သော ၂၀၁၈ ခုနစ်ကမ္ဘာ့မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရက်သတ္တပတ်များဖွင့်ပွဲအခမ်းအနား

သြဂုတ်လ ၁၅ရက်နေ့ နေပြည်တော်မိခင်နှင့်ကလေးစောင့်ရှောက်ရေးရုံးတွင် ကျင်းပပြုလုပ်သော ၂၀၁၈ ခုနစ်ကမ္ဘာ့မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရက်သတ္တပတ်များဖွင့်ပွဲအခမ်းအနားကိုအစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ပါမောက္ခဒေါက်တာခင်ဇော်မှ တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

ညွှန်ကြားရေးမှုးချုပ်မှအဖွင့်အမှာစကားပြောကြားရာ ပြည်ထောင်စုဝန်ကြီး၏တာဝန်ပေးချက်အရ ဝန်ကြီး၏ အမှာစကားများအား ကိုယ်စားပြောကြားခွင့်ရသည့်အတွက်အထူးပင်ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း အာဟာရဖွံ့ဖြိုးရေးဟာအဓိကကျသောအခြေခံအချက်တစ်ချက်ဖြစ်ကြောင်း၊ အဟာရဖွံဖြိုးရေးဌာနခွဲ စတင်ဆောင်ရွက်ခဲ့သည်မှာနှစ်ပေါင်း ၆၄ နှစ်ရှိပြီဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် အဟာရဖွံဖြိုးရေးရက်သတ္တပတ်များအဖြစ်ဆောင်ရွက်ခဲ့ကြပြီးတစ်နိုင်ငံလုံးတွင်နှစ်စဉ်ကျင်းပခဲ့ကြကြောင်း၊ ပထမပတ်မှာ World breastfeeding Week ဖြစ်တာကြောင့် မိခင်နို့စနစ်တကျတိုက်ကျွေးရေးရက်သတ္တပတ်အနေဖြင့် သတ်မှတ်ထားပါကြောင်း၊ ဒုတိယရက်သတ္တပတ်အားငါးနှစ်အောက်ကလေးများနှင့်ကျောင်းသားလူငယ်များအဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ်ဆောင်ရွက်ခဲ့ပြီးတတိယရက်သတ္တပတ်အား ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များအဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်အဖြစ်ဆောင်ရွက်လျက်ရှိပြီးနောက်ဆုံးအပတ်အား အိုင်အိုဒင်းချို့တဲ့မှုရောဂါများပပျောက်ရေးအနေနှင့်သတ်မှတ်ဆောင်ရွက်ခဲ့ပါသည်။
မိခင်နို့ရည်အစားထိုးအစာများ၊ဖော်စပ်ဖြည့်စွက်စာများကို ဈေးကွက်တင်ရာတွင်စနစ်တကျဖြစ်စေရန်အတွက် “နို့စို့ကလေး နှင့်ကလေးငယ်အတွက်ဖော်စပ်ထုတ်လုပ်ထားသောအစားအသောက်များ ဈေးကွက်တင်ခြင်းဆိုင်ရာအမိန့်”ကိုကြေငြာခဲ့ပြီးဖြစ်ပါသည်။
ဝန်ထမ်းများအတွက်လည်း အရည်အသွေးပြည့်ဝစေရန် သင်တန်းများပို့ချခြင်း၊ ပစ္စည်းကရိယာများပံ့ပိုးခြင်းတို့ကိုဆောင်ရွက်လျက်ရှိပြီး ကူညီဆောင်ရွက်တဲ့ပြည်တွင်း/ပြည်ပလူမှုအဖွဲ့အစည်း ဝိုင်းဝန်းကူညီကြဖို့အထူးမှာကြားလိုကြောင်း၊ကျန်းမာရေးဝန်ထမ်းများသာမက အခြားနှီးနွယ် ဝန်ကြီးဌာန လူမှုအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများအားလုံးလက်တွဲညီညီဆောင်ရွက်ကျဖို့အရေးကြီးပါကြောင်းပြောကြားခဲ့ပြီး နိဂုံးချုပ်အနေဖြင့် ကျန်းမာရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်အောင် ကူညီပံ့ပိုးပိုးပေးသူများအားကျေးဇူးတင်စကားပြောကြားကာကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအနေဖြင့်တမျိုးသားလုံးအာဟာရအခြေအနေ တိုးတက်ကောင်းမွန်အောင်ဆောင်ရွက်ရာတွင် အတူလက်တွဲပြီးဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန်တိုက်တွန်းခဲ့ပါသည်

ထို့နောက်ကိုယ်ဝန်ဆောင်မိခင်များအား အဟာရလက်ဆောင်များပေးအပ်ခဲ့ပါသည်။