Newpaper Annoucement Request NS Form
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာန
အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
စာအမှတ်၊ အစဆ/၂(စသပ)ထွေ-၃/၂၀၁၈/
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊ဇူလိုင်လ( )ရက်
သို့
ဦးဆောင်ညွှန်ကြားရေးမှူး
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
ပြန်ကြားရေးဝန်ကြီးဌာန
အကြောင်းအရာ။ အများပြည်သူသိရှိရန် အသိပေးကြေညာချက်ထည့်ပေးပါရန်ကိစ္စ။
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဈေးကွက် များတွင် ရောင်းချလျက်ရှိသော အစားအသောက်များ၌ အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ၊ မှိုအဆိပ်ပါဝင်မှုကြောင့် စားသုံးရန်မသင့်သော အစာအသောက်များဖြစ်ကြောင်း အသိပေး ကြေညာရန်အတွက် ပူးတွဲပါ စားသုံးရန်မသင့်သော အစားအသောက်များနှင့် ပတ်သက်၍ အများ ပြည်သူသိရှိရန် အသိပေးကြေညာချက်အား မြန်မာ့အလင်းသတင်းစာ(မြန်မာ)နှင့် ကြေးမုံသတင်းစာ တို့တွင် ထည့်သွင်းကြေညာပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ပါမောက္ခဒေါက်တာခင်ဇော်
(ညွှန်ကြားရေးမှူးချုပ်)
မိတ္တူကို –
၁။ ညွှန်ကြားရေးမှူး(သတင်း)၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၊ ပြန်ကြားရေးဝန်ကြီးဌာန၊
၂။ လက်ထောက်ညွှန်ကြားရေးမှူး (သတင်းအချက်အလက်နှင့်နည်းပညာ)၊စီမံရေးဌာနခွဲ၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနဝက်ဘ်ဆိုက်တွင်ကြေညာပေးပါရန်)၊
၃။ ရုံးလက်ခံ၊
၄။ မျှောစာတွဲ။
စားသုံးရန်မသင့်သောအစားအသောက်များနှင့်ပတ်သက်၍
အများပြည်သူသိရှိရန် အသိပေးကြေညာချက်
ကျန်းမာရေးနှင့်အားကစား၀န်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ် ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့စားသုံးနိုင်ရန် စဉ်ဆက်မပြတ်စိစစ် ဆောင်ရွက်လျက်ရှိပါသည်။
စျေးကွက်များတွင် ရောင်းချလျက်ရှိသောအစားအသောက်များကို ဈေးများ၊ ကျောင်းမုန့် ဈေးတန်းများမှ ၀ယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါအစားအသောက်များ၌ ခွင့်မပြုဆိုးဆေးများ ပါဝင်ခြင်းတို့ကြောင့် စားသုံးရန်မသင့်ကြောင်း အသိပေးကြေညာအပ်ပါသည်။
အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသောဆိုးဆေးများကို လုံး၀အသုံးမပြုရန်နှင့် လိုက်နာဆောင်ရွက်ခြင်းမရှိပါက အမျိုးသား အစားအသောက်ဥပဒေပုဒ်မ၂၈(က)အရ အရေးယူမည်ဖြစ်ကြောင်း သတိပေးအပ်ပါသည်။
| စဉ် | အစားအသောက်အမျိုးအစား | အမှတ်တံဆိပ် | တွေ့ရှိချက် |
|---|---|---|---|
| ၁ | အရောင်တင်မှုန့် | ရွှေဟင်္သာ | မှိုအဆိပ်(Aflatoxin B1) သတ်မှတ်ပမာဏထက်ကျော်လွန်နေပါ သည်၊၊ Sudan III (ခွင့်မပြုဆိုးဆေး) |
| ၂ | စိမ်းစားငပိ | ဧရာကမ္ဘာ | Rhodamine B(ခွင့်မပြုဆိုးဆေး) |
| ၃ | ပဲကြီးလှော် | ေရွှပြည်စိုး | Auramine O(ခွင့်မပြုဆိုးဆေး) |
| ၄ | လက်ဖက်နှပ် | တောင်ကြီး | Auramine O(ခွင့်မပြုဆိုးဆေး) |
| ၅ | ပုစွန်ငါးပိထောင်း | Thiri Aung | Rhodamine B(ခွင့်မပြုဆိုးဆေး) |
| ၆ | မျှင်ငပိထောင်း | ကောင်းထက်ကောင်း | Rhodamine B(ခွင့်မပြုဆိုးဆေး) |
| ၇ | လက်ဖက် | ကေဟင်္သာမင်း | Auramine O(ခွင့်မပြုဆိုးဆေး) |
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
စားသုံးရန်မသင့်သောအစားအသောက်နမူနာများ
၁၊၊ ရွှေဟင်္သာအမှတ်တံဆိပ် အရောင်တင်မှုန့်

၂။ ဟင်္သာမင်းအမှတ်တံဆိပ် လက်ဖက်

