သုံးစွဲရန်မသင့်သောအလှကုန်ပစ္စည်းများကို အများပြည်သူသိရှိရန် အသိပေးကြေညာချက်

၁။      ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် အရည်အသွေးစစ်မှန်ကောင်းမွန်၍ ကျန်းမာ ရေးအတွက် ဘေးအန္တရာယ်ကင်းရှင်းသော အလှကုန်ပစ္စည်းများကို အများပြည်သူတို့သုံးစွဲနိုင် ရန် စနစ်တကျကွပ်ကဲလျက်ရှိပါသည်။

၂။       အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် ပြည်တွင်း၌ရောင်းချနေသည့်  အလှကုန်ပစ္စည်းများကိုစစ်ဆေးခဲ့ရာ အောက်ဖော်ပြပါအလှကုန်ပစ္စည်း(၁၃)မျိုးသည် အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၌ မှတ်တမ်းတင်ထားခြင်းမရှိသည့်အပြင် ကျန်းမာ ရေးအတွက် ဘေးအန္တရာယ်ဖြစ်စေနိုင်သော တားမြစ်ဓါတုပစ္စည်းများ ပါဝင်နေကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် အများပြည်သူလူထု သုံးစွဲရန်မသင့်တော်ပါကြောင်း   အသိပေးနှိုးဆော်အပ်ပါ သည်။

၃။      တားမြစ်ဓါတုပစ္စည်းများသည် အရေပြားယားယံခြင်း၊ ရောင်ရမ်းခြင်း၊ အဖြူအနီကွက် များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်အတွင်းသို့စုပ်ယူ၍ ထုံကျင်ခြင်း၊ ကြွက်သားတုန်ခါ ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းနှင့် စိတ်ကျရောဂါများအပြင် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့်အခြားရောဂါများ ဖြစ်ပွားနိုင်ပါသည်။ အရောင်ဆိုးဆေးများသည် အဝတ်အထည်များ အရောင်ဆိုးရာတွင် အသုံးပြုသော ဓါတုပစ္စည်းဖြစ်၍ ရေရှည်သုံးစွဲပါက နှုတ်ခမ်းကင်ဆာ၊ အစာအိမ်အူလမ်းကြောင်းကင်ဆာနှင့်   ကျောက်ကပ်ရောဂါများဖြစ်ပွားနိုင်ပါ သည်။

၄။      အလှကုန်ပစ္စည်းတင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချသည့်ကုမ္ပဏီနှင့် လက်လီလက်ကားဆိုင် များသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်တမ်းတင်ထားခြင်းမရှိ သော အများပြည်သူသုံးစွဲရန်မသင့်ကြောင်း ကြေညာထားသည့် အလှကုန်ပစ္စည်းများ တင်သွင်း၊ ဖြန့်ဖြူး၊ ရောင်းချခြင်းများကို ကျင့်ဝတ်(Ethic)အရ လုံးဝမပြုလုပ်ရန်နှင့် လိုက်နာဆောင်ရွက် ခြင်းမရှိပါက သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းက ပြည်သူ့ကျန်းမာရေးဆိုင်ရာ ဥပဒေပုဒ်မ ၃၊ အပိုဒ် (၃)(ဃ)အရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

စဉ်။ အလှကုန်ပစ္စည်း

အမည်

ထုတ်လုပ်သည့်ကုမ္ပဏီ တွေ့ရှိချက် ပစ္စည်းနမူနာ
၁။ Clean & Clear

Sun Cover Vitamin E Aloe Cream (500g)

ဖော်ပြမထားပါ။ Mercury(+)  
၂။ Pairrie Gold

Full Skin Cream (10g)(LOT : 004)

ထိုင်းဘာသာ

ဖြင့်ဖော်ပြထား

ပါသည်။

 

Mercury(+)  
၃။ Adbo

It’s A Must Love Highlight x Shimmer Platte No-OD117:03 (20g)

Mega Cosmetic (Thailand) Co., Ltd. Color (Pigment Orange)  
၄။ SKY

Peral & Curcumin Cream Day & Night (20g)

Sky Cosmetic Co., Ltd, Thailand. Mercury(+)  
၅။ LANXI

7 Day Whitening Ginseng Whitening Beauty Melatonin Cram (25g)

Made In Thailand Mercury(+)  

၆။ QL (QIAN-LI)

(20g)

တရုတ်ဘာသာ

ဖြင့်ဖော်ပြထား

ပါသည်။

Mercury(+)  
၇။ JIAOLI

Whitening Spot Removing Scheme Suit Bird’s Net Herb Whtiening Night Cream (20g)

တရုတ်ဘာသာ

ဖြင့်ဖော်ပြထား

ပါသည်။

Mercury(+)  
၈။ C-Kiss

Sunscreen Cream (10g)

ဖော်ပြမထားပါ။ Mercury(+)  
၉။ CAIYILIN

Whitening Spot Removing Scheme Suit Bird’s Nest (20g)

တရုတ်ဘာသာ

ဖြင့်ဖော်ပြထား

ပါသည်။

Mercury(+)  
၁၀။ GARNIBO

7 Day Whitening Dispel Sport Cream (30ml)

Thailand Garnibo International Cosmetics Co., Ltd. Mercury(+)  
၁၁။ Dr.White

Magic White Night Cream

Made In Thailand Mercury(+)  
၁၂။ Snow White

Armpit Whitening Underam Cream (35g)

Made In Thailand Mercury(+)  
၁၃။ Mui Lee Hiang

Cream For Acne & Blemishes And SG Skin Fresh Lotion

ထိုင်းဘာသာ

ဖြင့်ဖော်ပြထား

ပါသည်။

Mercury(+)  

 

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

Sharing is caring!