အသိပေးကြေငြာချက်

စင်္ကာပူနိုင်ငံရှိ Health Sciences Authority (HSA) ၏စျေးကွက်ထောက်လှမ်းခြင်းနှင့် နမူနာကောက်ယူ စစ်ဆေးခြင်းလုပ်ငန်းစဉ်တွင် Health products (၃)မျိုးကိုစစ်ဆေးရာ အနောက်တိုင်း ဆေးဝါးများ ရောနှောပါဝင်နေသည်ကိုတွေ့ရှိရကြောင်း ထုတ်ပြန်ကြေငြာထားပါသည်။ ၄င်း Health products များမှာ Skinny Lolita Capsule, Xtreme Candy Capsule နှင့် Unlabelled clear capsules တို့ဖြစ်သည်။ Skinny Lolita Capsule တွင် Sibutramine ပါဝင်နေခြင်း၊ Xtreme Candy Capsule တွင် Tadalafil ပါဝင်နေခြင်း၊ Unlabelled clear capsules တွင် Amoxicillin,  Dexamethasone , Chlorpheniramine  နှင့် Diclofenac ပါဝင်နေခြင်း စသည်တို့ကိုတွေ့ရှိရပါသည်။

Sibutramine ဆေးဝါးကို USFDA နှင့် စင်္ကာပူနိုင်ငံ တို့မှ ၂၀၁၀ ခုနှစ်ကတည်းက စျေးကွက် အတွင်းမှ ရုတ်သိမ်းထားကြောင်းတွေ့ရှိရပါသည်။ Sibutramine ၏ဘေးထွက်ဆိုးကျိုးများမှာ နှလုံးနှင့် ပတ်သက်သည့်ရောဂါများ (heart attacks and stroke)၊ ရင်တုန်ခြင်း (palpitation)၊ စိတ်ရောဂါများ စသည် တို့ကိုဖြစ်စေနိုင်ပါသည်။

Tadalafil  ပါဝင်သောဆေးဝါးများကို နှလုံးနှင့်ပတ်သက်သည့်ရောဂါများ (heart disease)၊ ဆီးချိုရောဂါရှိသူများ(diabetes)၊ သွေးတိုးရောဂါရှိသူများ (high blood pressure)  ကြာရှည်စွာ သုံးစွဲ ပါက အသက်ရှုကြပ်ခြင်း၊  နားထဲတွင် အသံများကြားနေခြင်း၊ အမြင်အာရုံဝေဝါးခြင်းမှ မျက်လုံးကွယ် ခြင်း စသည်တို့ကိုဖြစ်စေနိုင်ပါသည်။

Dexamethasone ပါဝင်သောဆေးဝါးများကို ကြာရှည်စွာသုံးစွဲပါက သွေးပေါင်ချိန်များ မြင့်တက်ခြင်း၊ သွေးတွင်းသကြားဓါတ်များမြင့်တက်ခြင်း၊ မျက်လုံးတိမ်စွဲခြင်း၊ ကြွက်သား၊အရိုးနှင့် သက်ဆိုင်သောရောဂါများ ဖြစ်နိုင်ချေများလားခြင်း၊ ရောဂါပိုးမွှားများ ဝင်ရောက်လွယ်ခြင်း နှင့် Cushing’s Syndrome စသည့်ရောဂါများကို ဖြစ်စေနိုင်ပါသည်။

သို့ဖြစ်ပါ၍ ၄င်းဆေးဝါးများကို Online တွင် တရားမဝင်ရောင်းချခြင်းများရှိပါက ပြည်သူများ အနေဖြင့် အဆိုပါဆေးဝါးများ၏ဘေးအန္တရာယ်ကို သိရှိရှောင်ရှားနိုင်စေရန်အတွက် အသိပေးကြေငြာ အပ်ပါသည်။

စဥ် အလှကုန်ပစ္စည်းအမည် ပစ္စည်းနမူနာ
၁။ Skinny Lolita Capsule
၂။ Xtreme Candy Capsule
၃။ Unlabeled clear capsules containing dark brown powder